မိုင်းဖြတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၄၀၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီး ပိုင်ရှင်မဲ့အဖြစ် (၂)ရက်အကြာတွင် သတင်းထုတ်ပြန်

မိုင်းဖြတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၄၀၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိပြီး ပိုင်ရှင်မဲ့အဖြစ် (၂)ရက်အကြာတွင် သတင်းထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၄၀၀)ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး (၂)ရက်အကြာတွင် ပိုင်ရှင်မဲ့အဖြစ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့နယ်၊ ဟိုနား(ရှမ်း)ရပ်ကွက်၊ မြို့ဝင်ဂိတ်တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၆)ရက်နေ့ ည(၆)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းလာသည့် ကားအား စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားရာမှ ယာဉ်မှာ လမ်းဘေးသို့ ထိုးကျသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားသည်ဟု ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့၌ သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယာဉ်မောင်းထွက်ပြေးသွားပြီးနောက် ကျန်ရစ်သည့် ယာဉ်အား စစ်ဆေးရာက ကာလတန်ဖိုးငွေ ကျပ်(၂၄၀၀)ဝန်းကျင်ရှိ Methamphetamine( ice ) (၁၂)ကီလိုကို ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်သည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင်  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေကြောင်း သိရသည်။

#TachileikNewsAgency