တာချီလိတ်မြို့မှ တရုတ်နိုင်ငံသား (၅၆)ဦး နေရပ်ပြန်ရန်အတွက် လေယာဉ်ဖြင့် ထွက်ခွာ

တာချီလိတ်မြို့မှ တရုတ်နိုင်ငံသား (၅၆)ဦး နေရပ်ပြန်ရန်အတွက် လေယာဉ်ဖြင့် ထွက်ခွာ
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ တရုတ်နိုင်ငံသား (၅၆)ဦး နေရပ်ပြန်ရန်အတွက် လေယာဉ်ဖြင့် ထွက်ခွာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေထဲက တရားဝင်အထောက်အထား ကိုင်ဆောင်ထားသူ (၅၆) ဦး   လေကြောင်းလိုင်းနဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ နေလည်ပိုင်းမှာ ရန်ကုန်ကို ထွက်ခွါသွားပြီ ဖြစ်ပါတယ်။
လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါဖို့အတွက် တရုတ်နိုင်ငံသား (၆၀) ဦးစာရင်းပေးထားပေမယ့် သူတို့ထဲက (၄) ဦးကတော့   ထိုင်းနိုင်ငံကနေတဆင့် တာချီလိတ်မြို့ကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် နဲ့ဝင်ရောက်လာတဲ့အတွက် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ 
တာချီလိတ်ကနေ ရန်ကုန်ကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ 
တာချီလိတ်လေဆိပ်ကနေတဆင့် ထွက်ခွာမယ့် တရုတ်နိုင်ငံသားတွေက Covid-19 ရောဂါပိုးစစ်ဆေးထားတာမရှိတဲ့အတွက် သူတို့ကို PPE ဝတ်စုံတွေဝတ်ဆင်စေပြီး ကိုယ်အပူချိန်တိုင်းတာမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ 
သူတို့ကို ကျန်းမာရေးစစ်ဆေးမှုတွေဆောင်ရွက်ပေးပြီးချိန်မှာ သက်ဆိုင်ရာလေယာဉ်နဲ့ လိုက်ပါနိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ကိုယ်ရေးအချက်အလက်တွေကောက်ယူခဲ့ပါတယ်။ 
 
တာချီလိတ်မြို့ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေက COVID-19 ကာလမှာ ပိတ်မိနေတာတွေရှိတဲ့အတွက် သူတို့ကို တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းအတွင်းမှာရှိတဲ့ Fever Clinic မှာ COVID-19 စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးရာမှာ ဒီဇင်ဘာ (၁၅) ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံသား (၄၂) ဦးလာရောက်စစ်ဆေးခဲ့ပြီး သူတို့ကို လေယာဉ်ခရီးစဉ်တွေနဲ့ ပြန်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~