က်ိဳင္းတံုၿမိဳ႕တြင္ ဓါတ္အားခြဲရံုအတြက္ ေျမေနရာစြန္႔လႊတ္ခဲ့သည့္ေတာင္သူအား က်ပ္သိန္း (၈၀၀) နစ္နာေၾကးေပးအပ္

က်ိဳင္းတံုၿမိဳ႕တြင္ ဓါတ္အားခြဲရံုအတြက္ ေျမေနရာစြန္႔လႊတ္ခဲ့သည့္ေတာင္သူအား က်ပ္သိန္း (၈၀၀) နစ္နာေၾကးေပးအပ္
စက်တင်ဘာ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိုင္းတံုၿမိဳ႕တြင္ လွ်ပ္စစ္ဓါတ္အားခြဲရံုေျမေနရာ (၄)ဧကအတြက္ ေျမယာႏွင့္ သီးႏွံေလ်ာ္ေၾကး က်ပ္သိန္း (၈၀၀)အား ေျမယာပိုင္ရွင္ ေတာင္သူတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆)ရက္ေန႔တြင္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလုပ္ငန္းက ေပးအပ္သည္။

"လြယ္ေမြသြားတဲ့ လမ္းမွာေဆာက္ထားတဲ့ ဓာတ္အားခြဲရံုပါ။ ေျမက (၄) ဧကေပါ့။ သူက သီးနွံေလ်ာ္ေၾကးပါ ေပါင္းလိုက္ေတာ့ တစ္ဧက သိန္း (၂၀၀) ေလာက္က်သြားတာ"ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

က်ိဳင္းတံု - လြယ္ေမြသြားလမ္းမႀကီးေဘးတြင္ တည္ေဆာက္ထားသည့္ က်ိဳင္းတံုဓာတ္အားခြဲရံုေျမေနရာအတြက္ ေျမယာေလ်ာ္ေၾကးေပးအပ္ပြဲကို က်ိဳင္းတံုၿမိဳ႕ရိွ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန လက္ေအာက္မွ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာရံုးခန္းမတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

က်ိဳင္းတံုဓာတ္အားခြဲရံု 66/33/11KV,(20+10)MVA တည္ေဆာက္ရန္အတြက္ လယ္ယာေျမစြန္႔လႊတ္ေပးသည့္ ေတာင္သူ ဦးစိုင္းဆတ္အား ေျမယာေလ်ာ္ေၾကးႏွင့္ သီးနွံေလ်ာ္ေၾကး က်ပ္သိန္း (၈၀၀) ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Wunna Soe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံမြေနေရာ (၄)ဧကအတွက် မြေယာနှင့် သီးနှံလျော်ကြေး ကျပ်သိန်း (၈၀၀)အား မြေယာပိုင်ရှင် တောင်သူတစ်ဦးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ပေးအပ်သည်။

"လွယ်မွေသွားတဲ့ လမ်းမှာဆောက်ထားတဲ့ ဓာတ်အားခွဲရုံပါ။ မြေက (၄) ဧကပေါ့။ သူက သီးနှံလျော်ကြေးပါ ပေါင်းလိုက်တော့ တစ်ဧက သိန်း (၂၀၀) လောက်ကျသွားတာ"ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံ - လွယ်မွေသွားလမ်းမကြီးဘေးတွင် တည်ဆောက်ထားသည့် ကျိုင်းတုံဓာတ်အားခွဲရုံမြေနေရာအတွက် မြေယာလျော်ကြေးပေးအပ်ပွဲကို ကျိုင်းတုံမြို့ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံဓာတ်အားခွဲရုံ 66/33/11KV,(20+10)MVA တည်ဆောက်ရန်အတွက် လယ်ယာမြေစွန့်လွှတ်ပေးသည့် တောင်သူ ဦးစိုင်းဆတ်အား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး ကျပ်သိန်း (၈၀၀) ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Wunna Soe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net