{ကြော်ငြာ} တာချီလိတ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်အဖြစ် ရေမီတာခများကို (၂)လစာ တစ်ပေါင်းတည်း ပေးဆောင်နိုင်မည်ဖြစ်ကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

{ကြော်ငြာ} တာချီလိတ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်အဖြစ် ရေမီတာခများကို (၂)လစာ တစ်ပေါင်းတည်း ပေးဆောင်နိုင်မည်ဖြစ်ကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်း
ဧပြီ 27, 2020
By Tachileik News Agency
{ကြော်ငြာ} တာချီလိတ်တွင်  COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်အဖြစ် ရေမီတာခများကို (၂)လစာ တစ်ပေါင်းတည်း ပေးဆောင်နိုင်မည်ဖြစ်ကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

ကမ္ဘာတစ်ဝှမ်းလုံး COVID-19 ရောဂါပြန့်ပွားနေသည့်ကာလအတွင်း ရောဂါပြန့်ပွားမှု လျှော့ချရေးအနေဖြင့် မိမိတို့ တာချီလိတ် ( ရှမ်းအရှေ့) ရေပေးဝေရေးကုမ္ပဏီလီမိတက်၏ ရေပေးဝေရေး ဝန်ဆောင်မှုအား သုံးစွဲနေသူ မိဘပြည်သူများအနေဖြင့် ရေမီတာခများကို လစဉ်ပေးဆောင်ခြင်းအစား ၂၀၂၀ ခုနှစ်၊ မတ်လနှင့် ဧပြီလများအတွက် ကျသင့်သောရေယူနစ်ကြေးများအား  ရက်လွန်ကြေးပေးရန်မလိုဘဲ (၂)လစာ တစ်ပေါင်းတည်း ပေးဆောင်နိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ရေမီတာခကျသင့်ငွေများအား ၂၀၂၀ ခုနှစ်၊ မေလ (၁၁)ရက်နေ့မှ မေလ (၃၁) ရက်နေ့အတွင်း ရက်လွန်ကြေးပေးရန်မလိုဘဲ လာရောက် ပေးသွင်းနိုင်ကြမည်ဖြစ်ပါသည်။

 ယခုဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် အခက်ခဲကြုံတွေ့နေသော ရေသုံးစွဲသူများအတွက် သက်သာစေရန် ရည်ရွယ်ချက်ဖြင့် မိမိတို့ကုမ္ပဏီမှ မတ်လနှင့် ဧပြီလအတွက်ကျသင့်ေ သာ ရေယူနစ်တန်ဖိုးအား ပုံမှန်ကောက်ခံနူန်းထားအပေါ် ပြား (၅၀)လျှော့ပေါ့၍ကောက်ခံသွားမည်ဖြစ်ကြောင်း နှင့် ရေမီတာအရစ်ကျပေးဆောင်လျက်ရှိသည့် ရေသုံးစွဲသူများအနေဖြင့်လည်း ရေမီတာဖိုး အရစ်ကျပေးသွင်းရမည့် ကာလအား (၃)လ နောက်ဆုတ်ပေးဆောင်ခွ င့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရေမီတာတပ်ဆင်မှုတန်ဖိုး အရစ်ကျပေးဆောင်ခြင်းအား ဇူလိုင်လမှ ပုံမှန်အတိုင်း (တစ်လချင်းတန်ဖိုး) ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

မိမိတို့တာချီလိတ်(ရှမ်းအရှေ့) ရေပေးဝေရေးကုမ္ပဏီသည် COVID-19 ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် လမ်းညွှန်ချက်များနှင့်အညီ စီမံထားရှိပါသည်။

ရေသုံးစွဲသူမိဘပြည်သူများနှင့် ရုံးဝန်ထမ်းများ ရောဂါကင်းဝေးစေရန်အတွက် 

  • ၁။ ရုံးသို့လာရောက်ရာတွင် Mask များကိုတပ်ဆင်ထားပေးပါရန်၊
  • ၂။ ရုံးအတွင်းသို့ မဝင်မီ ရုံးမှစီစဉ်ပေးထားသော လက်ဆေးစင်များတွင် ဆပ်ပြာများဖြင့် လက်များကို သေချာစွာဆေးကြောပေးရန်၊
  • ၃။ ရုံးအတွင်းသို့လာရောက်သော Customer တစ်ဦးချင်းစီကို ကိုယ်အပူချိန်တိုင်းတာစက်ဖြင့် တိုင်းတာပေးသွားပါမည်၊
  • ၄။ ရုံးအတွင်းသို့ဝင်ရောက်သော Customer များအား ရုံးမှသတ်မှတ်ပေးထားသော (၃) ပေ မှ (၆) ပေ အကွာအဝေးတွင်စနစ်တကျနေရာယူပေးထားပါရန် စသည့်နည်းလမ်းများဖြင့် COVID-19 ရောဂါကူစက်ခြင်းမှ ကြိုတင်ကာကွယ်ခြင်းအား ပူးပေါင်းပါဝင်ကူညီပေးကြပါရန်ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်

084-53550 (မြန်မာ) ၊ 084-53551 (မြန်မာ) ၊ 09-268301717 (မြန်မာ) ၊
086-9205324 (ထိုင်း)