တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
အောက်တိုဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် အိမ်သာအခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးမှု ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အသက်(၄၂)နှစ်ဝန်းကျင်အရွယ်ရှိ စိုင်းမိုင်းငင်း (ခ) ဖိုးတုတ်ဆိုသူ ဖြစ်ပြီး ၎င်းသည် နေအိမ်ရှိ အိမ်သာအခန်းထဲတွင် ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်သည်ကို ကျန်ရစ်သူများက သိရသည့်အတွက် သက်ဆိုင်ရာများမှ ရောက်ရှိစစ်ဆေးပြီး တာချီလိတ်နာရေးကူညီမှုအသင်းက အလောင်းအား သယ်ယူကာ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ကြိုးဆွဲချသေဆုံးသွားသည်ကို သိရှိနိုင်ရန်အတွက် ရဲတပ်ဖွဲ့က စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

  Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~