နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ လမ္းမ်ား၌ အမိႈက္ပံုးမ်ားထားရိွေပးသည့္စနစ္ က်င့္သံုးရန္ ႀကိဳးစားေန

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ လမ္းမ်ား၌ အမိႈက္ပံုးမ်ားထားရိွေပးသည့္စနစ္ က်င့္သံုးရန္ ႀကိဳးစားေန
သြဂုတ် 20, 2019
By 🌸
ထုိင္းႏိုင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းသြားလမ္းလာမ်ား စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္ျခင္းအစား အမိႈက္ပံုးမ်ားတြင္ စနစ္တက်စြန္႔ပစ္သည့္စနစ္ကို က်င့္သံုးလာေစရန္ လမ္းမ်ားတြင္ အမိႈက္ပံုးထားေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔က စတင္ေဆာင္ရြက္ေနသည္။

လမ္းသြားလမ္းလာမ်ား အမိႈက္စနစ္တက်စြန္႔ပစ္ႏုိင္ရန္အတြက္ ၿမိဳ႕ေပၚ (၁၁) ရပ္ကြက္တြင္ အမိႈက္ပံုး (၆၄) ပံုး ခ်ထားေပးျခင္းကို ၾသဂုတ္လ (၂၀)ရက္ေန႔မွစ၍ စက္တင္ဘာလအတြင္း အၿပီးသတ္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း သိရသည္။

" ဒီအမိႈက္ပံုးေတြ ေစာင့္ေရွာက္ဖို႔အတြက္က ရာအိမ္မွဴး၊ ဆယ္အိမ္မွဴးေတြကို မွာၾကားထားၿပီးပါၿပီ။ ဒါေပမဲ့ ညပိုင္းအခ်ိန္ေတြမွာ ဖ်က္စီးခဲ့တဲ့ အေတြ႕အႀကံဳေတြရိွတာေပါ့။ ဒါေၾကာင့္မို႔ ျပည္သူေတြကလည္း ကိုယ့္ၿမိဳ႕ ကိုယ္ရြာ သန္႔ရွင္းသာယာလွပေရးျဖစ္တဲ့အတြက္ေၾကာင့္ တာခ်ီလိတ္မွာေနတဲ့ျပည္သူေတြကပဲ ေစာင့္ေရွာက္ေပးဖို႔ အကူအညီေတာင္းခံအပ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းသြားလမ္းလာမ်ားအေနျဖင့္ အမိႈက္ပံုးမ်ားတြင္ အမိႈက္စြန္႔ပစ္ေစရန္ျဖစ္ၿပီး မိမိတုိ႔ေနအိမ္၊ ဆုိင္ခန္းမ်ားမွ ထြက္ရိွသည့္အမိႈက္မ်ားကို ေန႔စဥ္ အမိႈက္ကားလာသိမ္းခ်ိန္တြင္ စြန္႔ပစ္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

"လမ္းသြားလမ္းလာေတြ ပါလာတဲ့အမိႈက္ေတြကို ဒီမွာပစ္ဖို႔။ ဒီအမိႈက္ေတြကို ပံုးမျပည့္ခင္ စည္ပင္တို႔ ပုဂၢလိက အမိႈက္သိမ္းတဲ့သူေတြက လာသိမ္းေပးရမွာေပါ့။ ဒီစည္းကမ္းေတြလိုက္နာမွ ၿမို႕ႀကီးသားပီသမွာေပါ့ဗ်ာ"ဟု ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အမိႈက္ပံုးမ်ားထားရိွေရးအတြက္ ကူညီေဆာင္ရြက္ေနသည့္ မဇၨိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။ 

ရပ္ကြက္မ်ားအလုိက္ထားရိွမည့္ အမိႈက္ပံုးမ်ားတြင္ ၿမိဳ႕ရြာသန္႔ရွင္းေရးလံႈ႕ေဆာ္စာသားမ်ား ကပ္ထားရန္အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက က်ပ္ေငြ(၁)သိန္းကိုလည္း ပံ့ပိုးေပးသည္ကို ေတြ႔ရသည္။
ရပ္ကြက္အလုိက္ အမိႈက္ပံုးထားရိွလိုသည့္ေနရာအေရအတြက္ကို သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီသို႔ တင္ျပထားရာတြင္ ပုန္းထြန္ရပ္ကြက္က (၅)ေနရာ၊တာေလာ့ရပ္ကြက္က (၄) ေနရာ၊ ဝမ္ေကာင္းရပ္ကြက္က (၁၅) ေနရာ၊ မကာဟိုခမ္းရပ္ကြက္က (၅)ေနရာ၊ ဆန္ဆိုင္း(က)ရပ္ကြက္မွ (၃) ေနရာ၊ ဆန္ဆိုင္း (ခ) ရပ္ကြက္မွ (၅)ေနရာ၊ မယ္ေခါင္ရပ္ကြက္မွ (၇)ေနရာ၊ ရန္ေအာင္ေျမရပ္ကြက္မွ (၄)ေနရာ၊ ဝိန္းေက်ာက္ရပ္ကြက္မွ (၅)ေနရာ၊ ပါဆတ္ရပ္ကြက္မွ (၁၁)ေနရာ တင္ျပထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္အမိႈက္မ်ားအား အပတ္စဥ္ စေနေန႔တုိင္း စုေပါင္းသန္႔ရွင္းေရးလုပ္ေဆာင္ျခင္းကိုလည္း ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နယ်စပ်မြို့ တာချီလိတ်တွင် လမ်းများ၌ အမှိုက်ပုံးများထားရှိပေးသည့်စနစ် ကျင့်သုံးရန် ကြိုးစားနေ
**************
ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လမ်းသွားလမ်းလာများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းအစား အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်သည့်စနစ်ကို ကျင့်သုံးလာစေရန် လမ်းများတွင် အမှိုက်ပုံးထားပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့က စတင်ဆောင်ရွက်နေသည်။

လမ်းသွားလမ်းလာများ အမှိုက်စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် မြို့ပေါ် (၁၁) ရပ်ကွက်တွင် အမှိုက်ပုံး (၆၄) ပုံး ချထားပေးခြင်းကို သြဂုတ်လ (၂၀)ရက်နေ့မှစ၍ စက်တင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

" ဒီအမှိုက်ပုံးတွေ စောင့်ရှောက်ဖို့အတွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို မှာကြားထားပြီးပါပြီ။ ဒါပေမဲ့ ညပိုင်းအချိန်တွေမှာ ဖျက်စီးခဲ့တဲ့ အတွေ့အကြုံတွေရှိတာပေါ့။ ဒါကြောင့်မို့ ပြည်သူတွေကလည်း ကိုယ့်မြို့ ကိုယ်ရွာ သန့်ရှင်းသာယာလှပရေးဖြစ်တဲ့အတွက်ကြောင့် တာချီလိတ်မှာနေတဲ့ပြည်သူတွေကပဲ စောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံအပ်ပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းသွားလမ်းလာများအနေဖြင့် အမှိုက်ပုံးများတွင် အမှိုက်စွန့်ပစ်စေရန်ဖြစ်ပြီး မိမိတို့နေအိမ်၊ ဆိုင်ခန်းများမှ ထွက်ရှိသည့်အမှိုက်များကို နေ့စဉ် အမှိုက်ကားလာသိမ်းချိန်တွင် စွန့်ပစ်ကြရမည်ဖြစ်ကြောင်း သိရသည်။

"လမ်းသွားလမ်းလာတွေ ပါလာတဲ့အမှိုက်တွေကို ဒီမှာပစ်ဖို့။ ဒီအမှိုက်တွေကို ပုံးမပြည့်ခင် စည်ပင်တို့ ပုဂ္ဂလိက အမှိုက်သိမ်းတဲ့သူတွေက လာသိမ်းပေးရမှာပေါ့။ ဒီစည်းကမ်းတွေလိုက်နာမှ မြို့ကြီးသားပီသမှာပေါ့ဗျာ"ဟု မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်ပုံးများထားရှိရေးအတွက် ကူညီဆောင်ရွက်နေသည့် မဇ္ဇိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။ 

ရပ်ကွက်များအလိုက်ထားရှိမည့် အမှိုက်ပုံးများတွင် မြို့ရွာသန့်ရှင်းရေးလှုံ့ဆော်စာသားများ ကပ်ထားရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ကျပ်ငွေ(၁)သိန်းကိုလည်း ပံ့ပိုးပေးသည်ကို တွေ့ရသည်။

ရပ်ကွက်အလိုက် အမှိုက်ပုံးထားရှိလိုသည့်နေရာအရေအတွက်ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြထားရာတွင် ပုန်းထွန်ရပ်ကွက်က (၅)နေရာ၊တာလော့ရပ်ကွက်က (၄) နေရာ၊ ဝမ်ကောင်းရပ်ကွက်က (၁၅) နေရာ၊ မကာဟိုခမ်းရပ်ကွက်က (၅)နေရာ၊ ဆန်ဆိုင်း(က)ရပ်ကွက်မှ (၃) နေရာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်မှ (၅)နေရာ၊ မယ်ခေါင်ရပ်ကွက်မှ (၇)နေရာ၊ ရန်အောင်မြေရပ်ကွက်မှ (၄)နေရာ၊ ဝိန်းကျောက်ရပ်ကွက်မှ (၅)နေရာ၊ ပါဆတ်ရပ်ကွက်မှ (၁၁)နေရာ တင်ပြထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များအား အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ခြင်းကိုလည်း ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net