ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်တွင် ဇွဲသာယာအပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ ဖွင့်တော့မည်မဟုတ်ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်တွင် ဇွဲသာယာအပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ ဖွင့်တော့မည်မဟုတ်

ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်တွင် ဇွဲသာယာအပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ ဖွင့်တော့မည်မဟုတ်ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်တွင် ဇွဲသာယာအပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ ဖွင့်တော့မည်မဟုတ်
မတ် 19, 2020
By Tachileik News Agency
ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်ကာလအတွင်း  ဇွဲသာယာအပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ မဖွင့်ဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ နှစ်စဉ်သင်္ကြန်ကာလအတွက် ဖွင့်လှစ်လေ့ရှိတဲ့ ပုန်းထွန်ချောင်းလို့ ခေါ်တဲ့ လွယ်တော်ခမ်းချောင်း အပါအဝင် မယ်ဟုတ်ချောင်း။ တာလေက မိုင်းလင်းချောင်း အပြင် ဇွဲသာယာဆိပ်ကမ်းတွေကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက်  ၂၀၂၀ ခုနှစ် မတ်လ (၁၈) ရက်နေ့ကနေစပြီး ပိတ်သိမ်းထားဖို့ တရားဝင်အကြောင်းကြားစာတွေ ပေးပို့သွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

ရေချောင်းတွေတင်မကပဲ လူစုလူဝေးတွေမဖြစ်စေဖို့ ကျောင်းတွေပိတ်ထားဖို့ ညွှန်ကြားထားသလို အလှူပွဲတွေလည်း မလုပ်ဖို့နဲ့ ကာလတစ်ခုအထိရပ်ဆိုင်းထားဖို့ ရပ်ကျေးတွေအထိညွှန်ကြားသွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

လက်ရှိအချိန်မှာ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမဖြစ်ပေါ်စေဖို့အတွက် သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်တွေဆောက်လုပ်ခွင့်မပြုသလို ရေချောင်းတွေဘေးမှာ အရင်နှစ်က သင်္ကြန်လို ဖွင့်လှစ်ခွင့်မပေးတော့ဘဲ   ပိတ်ထားဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~