အထက တာခ်ီလိတ္ရိွ ဓမၼစကူးလ္ေက်ာင္း သင္တန္းဆင္းပြဲႏွင့္ ေမာင္မယ္သစ္လြင္ ႀကိဳဆိုပြဲက်င္းပမည္

အထက တာခ်ီလိတ္ရိွ ဓမၼစကူးလ္ေက်ာင္း သင္တန္းဆင္းပြဲႏွင့္ ေမာင္မယ္သစ္လြင္ ႀကိဳဆိုပြဲက်င္းပမည္
သြဂုတ် 3, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ဓမၼစကူးလ္ေက်ာင္းေတာ္ - တာခ်ီလိတ္ (အထက)မွ ဆဌမအႀကိမ္ေျမာက္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ပြဲႏွင့္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲကို ၂၀၁၉ ခုႏွစ္၊ၾသဂုတ္လ (၄)ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို မကာဟိုခမ္းရပ္ကြက္၊ ေမဖလားဝါးကြင္းရိွ ဟုတ္တက္ခန္းမတြင္ နံနက္ (၉)နာရီမွစ၍ က်င္းပမည္ျဖစ္ၿပီး ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္မွ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ျခင္း၊ ဆရာ၊ဆရာမမ်ား၊ အလွဴရွင္မ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ျခင္းႏွင့္ သစ္လြင္ေမာင္မယ္မ်ားအား ႀကိဳဆိုျခင္းတုိ႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ဓမၼစကူးလ္ေက်ာင္းကို ၂၀၁၃ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔မွစ၍ အေျခခံပညာအထက္တန္းေက်ာင္း (တာခ်ီလိတ္)တြင္ စတင္သင္ၾကားလာျခင္းျဖစ္ၿပီး လက္ရိွအခ်ိန္တြင္ သင္တန္းဆင္း ဆရာ၊ဆရာမ (၃၂)ဦးက ဓမၼစကူးလ္မူႀကိဳတန္းမွ အဌမတန္းအထိ တန္းခြဲ (၁၅)ခုကို သင္ၾကားေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အပတ္စဥ္ တနဂၤေႏြေန႔တုိင္း သင္ၾကားေပးေနသည့္ ဓမၼစကူးလ္သင္တန္းသို႔ တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူ (၄၀၀)ေက်ာ္ရိွသည္ဟု သိရၿပီး ဓမၼစကူးလ္ ထာဝရေငြပေဒသာပင္တစ္ခုလွ်င္ က်ပ္ႏွစ္ေသာင္းႏႈန္းျဖင့္ အလႈေငြလက္ခံေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဓမၼစကူးလ္ေပါင္း (၁၁)ေက်ာင္း၊ တာေလၿမိဳ႕တြင္ (၂) ေက်ာင္း၊ မိုင္းျဖတ္ၿမို႕တြင္ (၁) ေက်ာင္း၊ မိုင္းဆတ္ၿမိဳ႕တြင္ (၁) ေက်ာင္း၊ က်ိဳင္းတံုၿမို႕တြင္ (၃) ေက်ာင္းႏွင့္ တစ္ဖက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမို႕တြင္ (၁) ေက်ာင္းဖြင့္လွစ္ထားၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ဝမ္တာပင္းေက်းရြာ၊ နန္းေငါ့ေက်းရြာႏွင့္ ေနာင္ခမ္းေက်းရြာတုိ႔အျပင္ လာအိုႏိုင္ငံတြင္လည္း ဓမၼစကူးလ္ေက်ာင္းမ်ား ထပ္မံဖြင့္လွစ္ရန္စီစဥ္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~
အထက တာချီလိတ်ရှိ ဓမ္မစကူးလ်ကျောင်း သင်တန်းဆင်းပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပမည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ် (အထက)မှ ဆဌမအကြိမ်မြောက် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ၂၀၁၉ ခုနှစ်၊သြဂုတ်လ (၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်ခန်းမတွင် နံနက် (၉)နာရီမှစ၍ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှ ကျောင်းသား၊ကျောင်းသူများကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း၊ ဆရာ၊ဆရာမများ၊ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် သစ်လွင်မောင်မယ်များအား ကြိုဆိုခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဓမ္မစကူးလ်ကျောင်းကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် စတင်သင်ကြားလာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သင်တန်းဆင်း ဆရာ၊ဆရာမ (၃၂)ဦးက ဓမ္မစကူးလ်မူကြိုတန်းမှ အဌမတန်းအထိ တန်းခွဲ (၁၅)ခုကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးနေသည့် ဓမ္မစကူးလ်သင်တန်းသို့ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော်ရှိသည်ဟု သိရပြီး ဓမ္မစကူးလ် ထာဝရငွေပဒေသာပင်တစ်ခုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် အလှုငွေလက်ခံနေကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဓမ္မစကူးလ်ပေါင်း (၁၁)ကျောင်း၊ တာလေမြို့တွင် (၂) ကျောင်း၊ မိုင်းဖြတ်မြို့တွင် (၁) ကျောင်း၊ မိုင်းဆတ်မြို့တွင် (၁) ကျောင်း၊ ကျိုင်းတုံမြို့တွင် (၃) ကျောင်းနှင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် (၁) ကျောင်းဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဝမ်တာပင်းကျေးရွာ၊ နန်းငေါ့ကျေးရွာနှင့် နောင်ခမ်းကျေးရွာတို့အပြင် လာအိုနိုင်ငံတွင်လည်း ဓမ္မစကူးလ်ကျောင်းများ ထပ်မံဖွင့်လှစ်ရန်စီစဉ်နေကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net