တာချီလိတ်မြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များ ကြိုတင်မဲပေးနိုင်ရန် မဲလက်မှတ်(၉၀၀)ကျော် ထုတ်ပေးထား

တာချီလိတ်မြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များ ကြိုတင်မဲပေးနိုင်ရန် မဲလက်မှတ်(၉၀၀)ကျော် ထုတ်ပေးထား
အောက်တိုဘာ 7, 2020
By Tachileik News Agency

 

 တာချီလိတ်မြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များ ကြိုတင်မဲပေးနိုင်ရန် မဲလက်မှတ်(၉၀၀)ကျော် ထုတ်ပေးထား

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက တပ်ရင်း၊ တပ်ဖွဲ့များရဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုဝင်တွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့အတွက် မဲလက်မှတ် (၉၀၀) ကျော်ကို ထုတ်ပေးထားကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ) ဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိဖို့အတွက် ဆေးရုံတွေ၊ သင်တန်းကျောင်းတွေ၊ Quarantine Center တွေနဲ့ အချုပ်ကျခံနေရသူတွေ မဲပေးခွင့်ရဖို့အတွက် တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ)က စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~