ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် ဂိုဏ်းအုပ်ဆရာတော်အသစ် ခန့်အပ်

ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် ဂိုဏ်းအုပ်ဆရာတော်အသစ် ခန့်အပ်
နိုဝင်ဘာ 4, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာအတွက် (၂)နှစ်ကျော်အကြာ လစ်လပ်နေသည့် သာသနာပိုင်ဆရာတော်နေရာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မှ ဆရာတော် Bishop John 

စောယောဟန်အား ဂိုဏ်းအုပ်ဆရာတော်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း   ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က သတင်းထုတ်ပြန် ကြေညာထားသည်။

ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်အဖြစ် ခန့်အပ်ခံရသူသည် ၁၉၉၅ခုနှစ် မတ်လ(၁၈)ရက်နေ့က ရဟန်းသိက္ခာခံယူခဲ့ပြီး ၁၉၉၇ခုနှစ်ကနေ ၁၉၉၈ခုနှစ်အထိ ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အာခါတိုင်းရင်းသားဘာသာစကားကို တတ်ကျွမ်းသူလည်း ဖြစ်သည်ဟု သိရသည်။

 

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော် ပီတာလွီးစ်ကျာခူသည် ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ နံနက် (၆) နာရီခွဲ၌ ကျိုင်းတုံမြို့ရှိ ဂိုဏ်းအုပ်ဆရာကြီးကျောင်းတိုက်တွင် ပျံလွန်တော်မှုသွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ခုနှစ်ကနေ ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ၎င်း၏ နေရာမှာ လစ်လပ်နေလျက်ရှိရာ ယခုအခါ နိုဝင်ဘာလ(၄)ရက်နေ့တွင် ဂိုဏ်းအုပ်ဆရာတော်အသစ် ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။