တာခ်ီလိတ္ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂)မွ ေက်ာင္းကားႏွင့္ လူနာတင္ယာဥ္ ျဖတ္သန္းခြင့္ ႏွစ္ႏိုင္ငံဖြင့္ပြဲအခမ္းအနားျဖင့္ ဖြင့္လွစ္မည္

တာခ်ီလိတ္ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂)မွ ေက်ာင္းကားႏွင့္ လူနာတင္ယာဥ္ ျဖတ္သန္းခြင့္ ႏွစ္ႏိုင္ငံဖြင့္ပြဲအခမ္းအနားျဖင့္ ဖြင့္လွစ္မည္
သြဂုတ် 18, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ-ထိုင္းကုန္သြယ္ေရးအတြက္ သီးသန္႔အသံုးျပဳေနသည့္ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)မွ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ားျဖတ္သန္းခြင့္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၉) ရက္ေန႔ နံနက္ (၅) နာရီခြဲ၌ ႏွစ္ႏိုင္ငံဘက္မွဖြင့္ပြဲျဖင့္ စတင္ဖြင့္လွစ္မည္ျဖစ္သည္။

"ထိုင္းစံေတာ္ခ်ိန္ မနက္ (၆) နာရီ၊ ျမန္မာစံေတာ္ခ်ိန္ မနက္(၅) နာရီခြဲေပါ့။ တံတား (၂) အလယ္မွာ ႏွစ္ဖက္ အဖြဲ႕ေတြ ဆံုမယ္။ ႏွစ္ဖက္ အဖြင့္စကားေျပာၿပီးရင္ လက္ေဆာင္ပစၥည္းလဲမယ္။ ဖဲႀကိဳးျဖတ္တဲ့ေနရာမွာ ေခ်ာင္းကိုေက်ာေပးၿပီးေတာ့ မ်က္နွာခ်င္းဆိုင္ ဖဲႀကိဳးျဖတ္မယ္။ တံတား (၂) ကေန ဟိုဘက္ဒီဘက္ ျဖတ္ၾကမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဖြင့္ပြဲအခမ္းအနားကို ႏွစ္ႏုိင္ငံမွ ဘင္ခရာအဖြဲ႕၊ ရွမ္းရိုးရာအက၊ တုိးနယားအကႏွင့္ ဗမာယဥ္ေက်းမႈအဖြဲ႕ ကျပေဖ်ာ္ေျဖမႈမ်ားျဖင့္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းႏွစ္ႏိုင္ငံၾကား ျဖတ္သန္းသြားလာျခင္းအတြက္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ကိုသာ အသံုးျပဳေနရာမွ ယာဥ္ေၾကာပိတ္ဆို႔မႈ အခ်ိန္ၾကာျမင့္စြာျဖစ္ပြားေနသည့္အတြက္ ကုန္သြယ္ေရးအတြက္သာ သီးသန္႔ အသံုးျပဳေနသည့္ ခ်စ္ၾကည္ေရးတံတား အမွတ္ (၂)မွ  ႏွစ္ႏိုင္ငံေက်ာင္းႀကိဳပို႔ယာဥ္မ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို ပထမဆင့္အေနျဖင့္ ျဖတ္သန္းခြင့္ျပဳရန္ ႏွစ္ႏုိင္ငံ သေဘာတူထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှ ကျောင်းကားနှင့် လူနာတင်ယာဉ် ဖြတ်သန်းခွင့် နှစ်နိုင်ငံဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်မည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ-ထိုင်းကုန်သွယ်ရေးအတွက် သီးသန့်အသုံးပြုနေသည့် ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များဖြတ်သန်းခွင့်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့ နံနက် (၅) နာရီခွဲ၌ နှစ်နိုင်ငံဘက်မှဖွင့်ပွဲဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

"ထိုင်းစံတော်ချိန် မနက် (၆) နာရီ၊ မြန်မာစံတော်ချိန် မနက်(၅) နာရီခွဲပေါ့။ တံတား (၂) အလယ်မှာ နှစ်ဖက် အဖွဲ့တွေ ဆုံမယ်။ နှစ်ဖက် အဖွင့်စကားပြောပြီးရင် လက်ဆောင်ပစ္စည်းလဲမယ်။ ဖဲကြိုးဖြတ်တဲ့နေရာမှာ ချောင်းကိုကျောပေးပြီးတော့ မျက်နှာချင်းဆိုင် ဖဲကြိုးဖြတ်မယ်။ တံတား (၂) ကနေ ဟိုဘက်ဒီဘက် ဖြတ်ကြမယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို နှစ်နိုင်ငံမှ ဘင်ခရာအဖွဲ့၊ ရှမ်းရိုးရာအက၊ တိုးနယားအကနှင့် ဗမာယဉ်ကျေးမှုအဖွဲ့ ကပြဖျော်ဖြေမှုများဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံကြား ဖြတ်သန်းသွားလာခြင်းအတွက် ချစ်ကြည်ရေးတံတား အမှတ်(၁)ကိုသာ အသုံးပြုနေရာမှ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာဖြစ်ပွားနေသည့်အတွက် ကုန်သွယ်ရေးအတွက်သာ သီးသန့် အသုံးပြုနေသည့် ချစ်ကြည်ရေးတံတား အမှတ် (၂)မှ  နှစ်နိုင်ငံကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကို ပထမဆင့်အနေဖြင့် ဖြတ်သန်းခွင့်ပြုရန် နှစ်နိုင်ငံ သဘောတူထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net