တာချီလိတ်မှ မယ်ဆိုင်သို့ ကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ သြဂုတ်လ (၁၉) ရက်နေ့မှစ၍ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဖြတ်သန်းရဖြစ်ကြောင်း တွေ့ဆုံ အသိပေးဆွေးနွေး

တာချီလိတ်မှ မယ်ဆိုင်သို့ ကျောင်းကြိုပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ သြဂုတ်လ (၁၉) ရက်နေ့မှစ၍ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ဖြတ်သန်းရဖြစ်ကြောင်း တွေ့ဆုံ အသိပေးဆွေးနွေး
သွဂုတျ 13, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတားအမှတ်(၁)ကို အသုံးပြုကာ  ဖြတ်သန်းသွားလာနေသည့် ကျောင်း ကြို/ပို့ယာဉ်များ နှင့် မယ်ဆိုင်သို့ ဆေးသွားရောက်ကုသသည့် လူနာတင်ယာဉ်များအနေဖြင့်   ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့မှစ၍  မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ ဖြတ်သန်းရတော့မည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ယာဉ်မောင်းများဖြင့် တွေ့ဆုံဆွေးကြသည်။

ချစ်ကြည်ရေးတံတား (၂)မှ ဖြတ်သန်းမည့် ကျောင်းကားများအနေဖြင့် မိမိတို့ကျောင်းကားတွင် လိုက်ပါမည့် ကျောင်းသား၊ကျောင်းသူစာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ ကြိုတင်တင်ပြထားရန် လိုအပ်ကြောင်း သိရသည်။



အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာအားဖြေရှင်းရန် ကုန်သွယ်ရေးအတွက်သာ သီးသန့်အသုံးပြုနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)ကို ပူးတွဲအသုံးပြုရန် ထိုင်းနိုင်ငံဘက်က အကြံပြုလာသဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆင့်ဆင့်ဆွေးနွေး ညှိနှိုင်းပြီးနောက် ပထမအဆင့်အနေဖြင့် မော်တော်ယာဉ်အချို့အား ဖြတ်သန်းခွင့်ပြုရန် ဆုံးဖြတ်သဘောတူလိုက်ကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတားအမှတ်(၁)ကို အသုံးပြုကာ ဖြတ်သန်းသွားလာနေသည့် ကျောင်း ကြို/ပို့ယာဉ်များ နှင့် မယ်ဆိုင်သို့ ဆေးသွားရောက်ကုသသည့် လူနာတင်ယာဉ်များအနဖြေင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့မှစ၍ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ ဖြတ်သန်းရတော့မည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ယာဉ်မောင်းများဖြင့် တွေ့ဆုံဆွေးကြသည်။

ချစ်ကြည်ရေးတံတား (၂)မှ ဖြတ်သန်းမည့် ကျောင်းကားများအနဖြေင့် မိမိတို့ကျောင်းကားတွင် လိုက်ပါမည့် ကျောင်းသား၊ကျောင်းသူစာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ ကြိုတင်တင်ပြထားရန် လိုအပ်ကြောင်း သိရသည်။

"ကျောင်းသားစာရင်း ပေးရမှာပေါ့။ ကျွန်တော်တို့ အရင်ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ကျောင်းသား မဟုတ်ဘဲနဲ့ တင်ခေါ်သွားပြီးမှ ဟိုဘက်ကျတော့မှ လူကုန်ကူးမှုပုံစံမျိုး ဖြစ်တာပေါ့။ ကျောင်းသား မဟုတ်ဘဲ ပါသွားမှာ ဆိုးတာပေါ့။ ကျောင်းသားကဒ်နဲ့ နေ့စဉ် လူဦးရေစာရင်းကို ဟိုဘက်၊ ဒီဘက်ကြည့်လို့ရအောင် လုပ်ထားပါတယ်။ တစ်ချို့ကျောင်းတွေက အချိန်ပိုတက်ရတာတွေရှိတော့ အမှတ် (၂) တံတားက ညနေ (၆) နာရီ ပိတ်တာဆိုတော့ အဲဒီအချိန်ကျရင် အမှတ် (၁) တံတားက ပြန်လို့ရပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) တစ်ခုတည်းတွင် နှစ်နိုင်ငံမှ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ ကျောင်းကြိုပို့ယာဉ်၊ လူနာတင်ယာဉ်နှင့် လူအဝင်အထွက်ဖြတ်သန်းခွင့်ပြုထားရာ နှစ်နိုင်ငံ ယာဉ်ကြောစနစ်ပြောင်းပြန်ဖြစ်နေ၍ တံတားအလယ် နယ်နမိတ်မျဉ်းတွင် ဖြတ်သန်းရာတွင် ယာဉ်ကြောကန့်လန့်ဖြစ်သွားသည့်အပြင် မယ်ဆိုင်ဘက်ခြမ်းတွင် မော်တော်ယာဉ်များအား X Ray ဖြင့်စစ်ဆေးခြင်းများလည်း ပြုလုပ်လေ့ရှိရာ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေလေ့ရှိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာအားဖြေရှင်းရန် ကုန်သွယ်ရေးအတွက်သာ သီးသန့်အသုံးပြုနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)ကို ပူးတွဲအသုံးပြုရန် ထိုင်းနိုင်ငံဘက်က အကြံပြုလာသဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆင့်ဆင့်ဆွေးနွေး ညှိနှိုင်းပြီးနောက် ပထမအဆင့်အနဖြေင့် မော်တော်ယာဉ်အချို့အား ဖြတ်သန်းခွင့်ပြုရန် ဆုံးဖြတ်သဘောတူလိုက်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net