ကျိုင်းတုံတွင် မိန်းကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးရသည့် ပစ်ခတ်မှုကို ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့အား ပြန်လည်ခုခံ၍ ပစ်ခတ်ဖမ်းဆီး

ကျိုင်းတုံတွင် မိန်းကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးရသည့် ပစ်ခတ်မှုကို ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့အား ပြန်လည်ခုခံ၍ ပစ်ခတ်ဖမ်းဆီး
အောက်တိုဘာ 22, 2019
By 🌸
ကျိုင်းတုံတွင် မိန်းကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးရသည့် ပစ်ခတ်မှုကို ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့အား ပြန်လည်ခုခံ၍ ပစ်ခတ်ဖမ်းဆီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန်မတ်ကျေးရွာတွင် တူမီးသေနတ်ဖြင့် အချင်းချင်းအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၍ ပစ်ခတ်သူအမျိုးသားတစ်ဦးနှင့် အပြစ်မဲ့မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးရန်လာသည့် ရဲတပ်ဖွဲ့ကို ပြန်လည်ခုခံသည့် အမျိုးသား(၂)ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“ပန်မတ်မှာ ပစ်ခတ်ဖမ်းဆီးခဲ့ရတာက ကျဒယ်နှစ်ယောက်ပေါ့ သူတို့ချင်းအိမ်ငှားတဲ့ကိစ္စ မကျေနပ်လို့ အပြန်အလှန် ပစ်ခတ်ကြတာမှာ ကျဒယ်တစ်ယောက်က သေသွားတယ်။ ကျွန်တော်တို့ဆီက ရဲကသွားဖမ်းတော့ ကျဒယ်သားအဖနှစ်ယောက်က ရဲကိုပစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ဆီကလည်း ပြန်ပစ်ရတာပေါ့။ ပြန်ပစ်တော့ ကျဒယ်မှာ ခြေသလုံးမှန်သွားတယ်။ သူတို့သားအဖကို ဖမ်းပြီးပြန်လာတော့ ဘုန်းကြီးက ဖုန်းဆက်တယ်။ ကျဒယ်ရဲ့သမီး သေနတ်ဒဏ်ရာနဲ့ဆုံးနေတယ်ဆိုတော့ သွားပြန်စစ်တယ်။ မနေ့က ရင်ခွဲစစ်ဆေးတာမှာ သူ့မှာတွေ့ရတာက ကျွန်တော်တို့ ရဲတပ်ဖွဲ့က သုံးတဲ့ကျည်မဟုတ်ဘူး။ ခဲသီးအပိုင်းအစ ဖြစ်နေတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့သုံးတဲ့ကျည်ကတော့ ကြေးကုပ်တဲ့ ကျည်ဖူးရှိတော့ ဒဏ်ရာကလည်း ဒီထက်ကြီးမယ်။ အခုတွေ့တဲ့ ခဲသီးလိုလည်းမဟုတ်ဖူးဆိုတော့ ရဲတပ်ဖွဲ့သုံးတဲ့ကျည် မဟုတ်ဘူးဆိုတာ အတည်ပြုလို့ရတယ်။ သူတို့သားအဖက ရဲတပ်ဖွဲ့ကို ပစ်တဲ့နေရာမှာ ဝက်ခြံမှာအိပ်နေတဲ့ သူ့သမီးကို သွားမှန်တယ်လို့ယူဆရတယ်။ ကျဒယ်သားအဖကို အမှုဖွင့်ထားတယ်။ ကျွန်တော်တို့ဆီမှာလည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားပါတယ်” ဟု ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပန်မတ်ကျေးရွာအုပ်စု၊ ပန်မတ်ကျေးရွာတွင် တစ်အိမ်နှင့်တစ်အိမ် တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့သဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၈)ဦးပါဝင်သည့်အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တူမီးသေနတ်ဖြင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားသည့် ကျဒယ်၏နေအိမ်အနီးသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် ကျဒယ်နှင့် သားဖြစ်သူ ကျဝတို့က အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင်များအား နေအိမ်တွင်းမှ တူမီးသေနတ်များဖြင့် ခုခံပစ်ခတ်နေ၍ ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

ကျဒယ်နှစ်ယောက်၏ အချင်းချင်းပစ်ခတ်မှုအတွင်း ကျဒယ်တစ်ယောက်သေဆုံးသွားခဲ့ကာ ရဲတပ်ဖွဲ့အား ပြန်လည်ခုခံ ပစ်ခတ်မှုအတွင်း ကျဒယ်၏ အသက် (၁၄)နှစ်အရွယ်သမီးဖြစ်သူမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အချို့ဒေသများတွင် တူမီးသေနတ်များကို တောလိုက်ရန် ကိုင်ဆောင်နေကြသော်လည်း တူမီးသေနတ်များ ကိုင်ဆောင်ခြင်းကို ဥပဒေအရ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုတြင္ မိန္းကေလးတစ္ဦးအပါအဝင္ ႏွစ္ဦးေသဆံုးရသည့္ ပစ္ခတ္မႈကို ထိန္းသိမ္းစဥ္ ရဲတပ္ဖြဲ႕အား ျပန္လည္ခုခံ၍ ပစ္ခတ္ဖမ္းဆီး

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမို႕ ပန္မတ္ေက်းရြာတြင္ တူမီးေသနတ္ျဖင့္ အခ်င္းခ်င္းအျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြား၍ ပစ္ခတ္သူအမ်ိဳးသားတစ္ဦးနွင့္ အျပစ္မဲ့မိန္းကေလးငယ္တစ္ဦး ေသဆံုးခဲ့ရၿပီး ဖမ္းဆီးရန္လာသည့္ ရဲတပ္ဖြဲ႕ကို ျပန္လည္ခုခံသည့္ အမ်ိဳးသား(၂)ဦးကို ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

“ပန္မတ္မွာ ပစ္ခတ္ဖမ္းဆီးခဲ့ရတာက က်ဒယ္ႏွစ္ေယာက္ေပါ့ သူတုိ႔ခ်င္းအိမ္ငွားတဲ့ကိစၥ မေက်နပ္လုိ႔ အျပန္အလွန္ ပစ္ခတ္ၾကတာမွာ က်ဒယ္တစ္ေယာက္က ေသသြားတယ္။ ကၽြန္ေတာ္တုိ႔ဆီက ရဲကသြားဖမ္းေတာ့ က်ဒယ္သားအဖႏွစ္ေယာက္က ရဲကိုပစ္တယ္။ အဲဒီေတာ့ ကၽြန္ေတာ္တုိ႔ဆီကလည္း ျပန္ပစ္ရတာေပါ့။ ျပန္ပစ္ေတာ့ က်ဒယ္မွာ ေျခသလံုးမွန္သြားတယ္။ သူတုိ႔သားအဖကို ဖမ္းၿပီးျပန္လာေတာ့ ဘုန္းႀကီးက ဖုန္းဆက္တယ္။ က်ဒယ္ရဲ႕သမီး ေသနတ္ဒဏ္ရာနဲ႔ဆံုးေနတယ္ဆိုေတာ့ သြားျပန္စစ္တယ္။ မေန႔က ရင္ခြဲစစ္ေဆးတာမွာ သူ႔မွာေတြ႔ရတာက ကၽြန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕က သံုးတဲ့က်ည္မဟုတ္ဘူး။ ခဲသီးအပိုင္းအစ ျဖစ္ေနတယ္။ ကၽြန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕သံုးတဲ့က်ည္ကေတာ့ ေၾကးကုပ္တဲ့ က်ည္ဖူးရိွေတာ့ ဒဏ္ရာကလည္း ဒီထက္ႀကီးမယ္။ အခုေတြ႕တဲ့ ခဲသီးလိုလည္းမဟုတ္ဖူးဆိုေတာ့ ရဲတပ္ဖြဲ႕သံုးတဲ့က်ည္ မဟုတ္ဘူးဆိုတာ အတည္ျပဳလုိ႔ရတယ္။ သူတုိ႔သားအဖက ရဲတပ္ဖြဲ႕ကို ပစ္တဲ့ေနရာမွာ ဝက္ၿခံမွာအိပ္ေနတဲ့ သူ႔သမီးကို သြားမွန္တယ္လုိ႔ယူဆရတယ္။ က်ဒယ္သားအဖကို အမႈဖြင့္ထားတယ္။ ကၽြန္ေတာ္တုိ႔ဆီမွာလည္း စံုစမ္းစစ္ေဆးေရးခံုရံုးဖြဲ႕ထားပါတယ္” ဟု ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕ (က်ိဳင္းတုံ) ရဲမႉးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပန္မတ္ေက်းရြာအုပ္စု၊ ပန္မတ္ေက်းရြာတြင္ တစ္အိမ္ႏွင့္တစ္အိမ္ တူမီးေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆံုးသြားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔သျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ (၈)ဦးပါဝင္သည့္အဖြဲ႕က အခင္းျဖစ္ေနရာသို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

တူမီးေသနတ္ျဖင့္ အခ်င္းခ်င္းပစ္ခတ္မႈျဖစ္ပြားသည့္ က်ဒယ္၏ေနအိမ္အနီးသို႔ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရိွခ်ိန္တြင္ က်ဒယ္ႏွင့္ သားျဖစ္သူ က်ဝတုိ႔က အဖမ္းမခံဘဲ ရဲတပ္ဖြဲ႕ဝင္မ်ားအား ေနအိမ္တြင္းမွ တူမီးေသနတ္မ်ားျဖင့္ ခုခံပစ္ခတ္ေန၍ ရဲတပ္ဖြဲ႕က ျပန္လည္ပစ္ခတ္ ဖမ္းဆီးခဲ့ရသည္ဟု သိရသည္။

က်ဒယ္ႏွစ္ေယာက္၏ အခ်င္းခ်င္းပစ္ခတ္မႈအတြင္း က်ဒယ္တစ္ေယာက္ေသဆံုးသြားခဲ့ကာ ရဲတပ္ဖြဲ႕အား ျပန္လည္ခုခံ ပစ္ခတ္မႈအတြင္း က်ဒယ္၏ အသက္ (၁၄)ႏွစ္အရြယ္သမီးျဖစ္သူမွာ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အခ်ိဳ႕ေဒသမ်ားတြင္ တူမီးေသနတ္မ်ားကို ေတာလုိက္ရန္ ကိုင္ေဆာင္ေနၾကေသာ္လည္း တူမီးေသနတ္မ်ား ကိုင္ေဆာင္ျခင္းကို ဥပေဒအရ ခြင့္ျပဳထားျခင္းမရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net