တာခ်ီလိတ္တြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေထာက္ခံေၾကာင္း လူထုဆႏၵထုတ္ေဖၚ

တာခ်ီလိတ္တြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေထာက္ခံေၾကာင္း လူထုဆႏၵထုတ္ေဖၚ
ဇူလိုင် 17, 2019
By 🌸
၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ျပည္သူလူထုေထာက္ခံပြဲအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔က လုပ္ေဆာင္ၾကသည္။

ဖြဲ႕စည္းပံုျပင္ဆင္ေရးကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚသည့္လူထုက နံနက္ (၈)နာရီခြဲဝန္းက်င္တြင္ ရွမ္းရိုးမကြင္း၌ စုစည္းၾကကာ ယင္းမွတစ္ဆင့္ လြတ္လပ္ေရးေက်ာက္တုိင္၊ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားသို႔ စီတန္းလွည့္လည္ၿပီး ရွမ္းရိုးမကြင္းသို႔ ျပန္လည္ဝင္ေရာက္ၾကမည္ျဖစ္သည္။

ဆႏၵထုတ္ေဖၚသူမ်ားက ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေပးေရး၊ ျပည္သူ႔ဆႏၵမပါေသာ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအား အလိုမရိွ၊ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အဆိုတင္သြင္းမည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီအား အျပည့္အဝေထာက္ခံေၾကာင္း ေရးသားထားသည့္ ဗီႏုိင္းမ်ားကိုင္ေဆာင္ကာ စီတန္းလွည့္လည္ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံကြောင်း လူထုဆန္ဒထုတ်ဖေါ်
**************
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်သူလူထုထောက်ခံပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့က လုပ်ဆောင်ကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ်သည့်လူထုက နံနက် (၈)နာရီခွဲဝန်းကျင်တွင် ရှမ်းရိုးမကွင်း၌ စုစည်းကြကာ ယင်းမှတစ်ဆင့် လွတ်လပ်ရေးကျောက်တိုင်၊ အမှတ်(၂)ချစ်ကြည်ရေးတံတားသို့ စီတန်းလှည့်လည်ပြီး ရှမ်းရိုးမကွင်းသို့ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်သည်။

ဆန္ဒထုတ်ဖေါ်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေး၊ ပြည်သူ့ဆန္ဒမပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အလိုမရှိ၊ ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအား အပြည့်အဝထောက်ခံကြောင်း ရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net