တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားက စ၍ မြို့ပြင် မိုင်းဖုန်း နှင့် မိုင်းကိုးအထိ အောက်တိုဘာလ(၉)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားက စ၍ မြို့ပြင် မိုင်းဖုန်း နှင့် မိုင်းကိုးအထိ အောက်တိုဘာလ(၉)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
အောက်တိုဘာ 6, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားက စ၍ မြို့ပြင် မိုင်းဖုန်း နှင့် မိုင်းကိုးအထိ အောက်တိုဘာလ (၉)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်ဓါတ်အားခွဲရုံတွင် လျှပ်စစ်ဓါတ်အားစနစ်ကို ပြုပြင်ရန်ရှိသည့်အတွက် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကစ၍  မြို့ပြင် ကျေးရွာများအထိ အောက်တိုဘာလ(၉)ရက်နေ့တွင် တစ်နေ့တာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကစ၍ တံတားအနီးဝန်းကျင် မယ်ခေါင်ရပ်ကွက် အပါအဝင် ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်၊ ဝိန်းကျောက်(တော်ကော့၊ အာခါဈေး)ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ စက်မှုဇုံ အပြင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု(မယ်ယန်း)၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး ပြတ်တောက်ရာတွင် ပါဝင်မည်ဖြစ်သည်။
လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်အား ၂၀၂၀ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၇)နာရီခွဲမှ ညနေ(၄)နာရီခွဲ အချိန်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ပြန်ဝယ်၍ ဖြန့်ဖြုးပေးနေသည့်အတွက် ထိုင်းနိုင်ငံဘက်က ယခုလို လျှပ်စစ်မီးပြုပြင်ရန်ရှိသည့်အခါမျိုးတွင် လျှပ်စစ်မီးပြတ်တောက်မည်ကို ကြိုတင် သိရှိနိုင်မည်ဖြစ်သော်လည်း တာချီလိတ်မြို့တွင် ယာဉ်များမှ ဓါတ်တိုင်အား ဝင်တိုက်မိသည့်အခါမျိုးနှင့် မီးကြိုးများပေါ်တွင် သစ်ပင် သစ်ကိုင်းကျိုးကျသည့် အခါမျိုးတွင် လျှပ်စစ်မီး ပြတ်တောက်မည်ကို ကြိုတင်မသိရှိနိုင်ပါ။
 
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~