တာချီလိတ်သို့ ဩဂုတ်လ(၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၄၀၀)ကျော် ဝင်ရောက်မည်ဖြစ်၍ နေ့လည်စာနှင့်ရေသန့်များ ဆက်သွယ်လှူဒါန်းနိုင်

တာချီလိတ်သို့ ဩဂုတ်လ(၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၄၀၀)ကျော် ဝင်ရောက်မည်ဖြစ်၍ နေ့လည်စာနှင့်ရေသန့်များ ဆက်သွယ်လှူဒါန်းနိုင်
သြဂုတ် 3, 2020
By Tachileik News Agency
တာချီလိတ်သို့ ဩဂုတ်လ(၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၄၀၀)ကျော် ဝင်ရောက်မည်ဖြစ်၍ နေ့လည်စာနှင့်ရေသန့်များ ဆက်သွယ်လှူဒါန်းနိုင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့်  နေရပ်ပြန်လာမည့် မြန်မာနိုင်ငံသား (၄၀၀)ကျော်ကို တာချီလိတ်တွင် စိစစ် လက်ခံပေးပြီး နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည့်အတွက် စိစစ်လက်ခံသည့်အခါတွင် ၎င်းတို့အား နေ့လည်စာကျွေးနိုင်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

"အယောက်(၄၀၀)ကျော်ကို နှစ်သုတ်ခွဲပြီး ဘောလုံးကွင်းထဲမှာ လက်ခံဖို့ အခု ပြင်ထားပြီ။ သူတို့ကို လက်ခံတဲ့အခါ နေ့လည်စာ ကျွေးဖို့ လှူချင်သူများ လှူလို့ရပါတယ်။ ရေသန့်တွေလည်း လိုပါတယ်။ သူတို့ကို လက်ခံပြီးတာနဲ့ တခါတည်း နေရပ်ဒေသအသီးကို ပြန်ပို့မယ်၊ အဲ့ဒီထဲက တာချီလိတ်ဒေသခံတွေကိုတော့ မိုးကုတ်တရားရိပ်သာရဲ့ Quarantine Center မှာ ဆက်ထားမှာပါ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်များအား တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၄)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်က စ၍ လက်ခံပေးသွားမည်ဖြစ်သည့်အတွက် နေရပ်ပြန် အယောက်(၄၀၀)ကျော်အတွက် နေ့လည်စာ နှင့် ရေသန့်များကို လှူဒါန်းလိုပါက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူရ ဖုန်း 09254 117 306 နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဖုန်း 09428 219 995 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~