တာခ်ီလိတ္တြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေထာက္ခံေၾကာင္း လူဦးေရ (၂၀၀) ခန္႔ စုေပါင္းဆႏၵထုတ္ေဖာ္

တာခ်ီလိတ္တြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေထာက္ခံေၾကာင္း လူဦးေရ (၂၀၀) ခန္႔ စုေပါင္းဆႏၵထုတ္ေဖာ္
ဇူလိုင် 17, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာကို ေထာက္ခံေၾကာင္း လူဦးေရ (၂၀၀) ခန္႔က စုေပါင္းဆႏၵထုတ္ေဖာ္ပြဲ ကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔က လုပ္ေဆာင္ၾကသည္။

"ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းကို တင္သြင္းတယ္လို႔ သိရတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းကို ေအာင္ျမင္စြာတင္သြင္းႏိုင္ေရးနဲ႔ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ ေထာက္ခံဆႏၵျပဳပြဲလုပ္တာပါ"ဟု ဆႏၵေဖာ္ထုတ္ပြဲတြင္ ပါ၀င္သူ ကိုမ်ိဳးမင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖြဲ႕စည္းပံုျပင္ဆင္ေရးကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚသည့္လူထုက နံနက္ (၈)နာရီခြဲဝန္းက်င္တြင္ ရွမ္းရိုးမကြင္း၌ စုစည္းၾကၿပီးေနာက္ နံနက္ (၉) နာရီတြင္ ရွမ္းရိုးမကြင္းမွ လြတ္လပ္ေရးေက်ာက္တုိင္၊ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားအနီးသို႔ စီတန္းလွည့္လည္ၾကကာ ရွမ္းရိုးမကြင္းသို႔ နံနက္ (၁၀) နာရီ (၂၀) မိနစ္တြင္ ျပန္လည္ဝင္ေရာက္လာၾကျခင္းျဖစ္သည္။

ဆႏၵထုတ္ေဖၚရာလမ္းတေလွ်ာက္တြင္ ရဲတပ္ဖြဲ႕က လံုၿခံဳေရးယူေပးထားၿပီး ဆႏၵထုတ္ေဖၚသူမ်ားက ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေပးေရး ၊ ျပည္သူ႔ဆႏၵမပါေသာ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအား အလိုမရိွ၊ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အဆိုတင္သြင္းမည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒမူၾကမ္းႏွင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒမူၾကမ္းျပင္ဆင္ေရးပူးေပါင္းေကာ္မတီအား အျပည့္အဝေထာက္ခံေၾကာင္း ေၾကြးေၾကာ္သံမ်ားႏွင့္ ဗီႏုိင္းမ်ားကိုင္ေဆာင္ကာ စီတန္းလွည့္လည္ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံကြောင်း လူဦးရေ (၂၀၀) ခန့် စုပေါင်းဆန္ဒထုတ်ဖော်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ထောက်ခံကြောင်း လူဦးရေ (၂၀၀) ခန့်က စုပေါင်းဆန္ဒထုတ်ဖော်ပွဲ ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့က လုပ်ဆောင်ကြသည်။

"ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို တင်သွင်းတယ်လို့ သိရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို အောင်မြင်စွာတင်သွင်းနိုင်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြုပွဲလုပ်တာပါ"ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါ၀င်သူ ကိုမျိုးမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ်သည့်လူထုက နံနက် (၈)နာရီခွဲဝန်းကျင်တွင် ရှမ်းရိုးမကွင်း၌ စုစည်းကြပြီးနောက် နံနက် (၉) နာရီတွင် ရှမ်းရိုးမကွင်းမှ လွတ်လပ်ရေးကျောက်တိုင်၊ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးသို့ စီတန်းလှည့်လည်ကြကာ ရှမ်းရိုးမကွင်းသို့ နံနက် (၁၀) နာရီ (၂၀) မိနစ်တွင် ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖေါ်ရာလမ်းတလျှောက်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားပြီး ဆန္ဒထုတ်ဖေါ်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေး ၊ ပြည်သူ့ဆန္ဒမပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အလိုမရှိ၊ ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပြင်ဆင်ရေးပူးပေါင်းကော်မတီအား အပြည့်အဝထောက်ခံကြောင်း ကြွေးကြော်သံများနှင့် ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net