တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း တောင်ကျရေကြောင့် လယ်မြေအချို့ရေမြုပ်

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း တောင်ကျရေကြောင့် လယ်မြေအချို့ရေမြုပ်
စက်တင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း တောင်ကျရေကြောင့် လယ်မြေအချို့ရေမြုပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေကျလာသဖြင့် လယ်မြေအချို့ရေနစ်မြုပ်သွားကြောင်း သိရသည်။
“ရေတိုက်စားပြီး လမ်းသားတစ်ချို့ပဲ့ကျသွားတယ်။ လယ်မြေစိုက်ဧကတစ်ချို့လည်း ရေမြုပ်တယ်။ ဧကဘယ်လောက်ဆိုတာတော့ မနက်ကို ကွင်းဆင်းစစ်ဆေးမှာပါ။ ဒီနေ့က မိုင်းဖုန်း(ခ)ဘက်မှာ ရေမြုပ်တာများတော့ အဲဒီဘက်ကို ကွင်းဆင်းလိုက်တာ”ဟု စိုက်ပျိုးရေးဦးစီးဌာန၏ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းကိုးကျေးရွာအုပ်စုရှိ မယ်လိတ်ပါကော်ကျေးရွာအနီး တံတားအနီးတွင် ရေတိုက်စားပြီး လမ်းသားပဲ့ပါသွားကာ အနီးဝန်းကျင်ရှိ စပါးစိုက်လယ်ဧကအချို့ ရေမြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း စက်တင်ဘာလ (၂၄)ရက်နေ့က မိုးရွာသွန်းပြီးနောက် တောင်ကျရေကြောင့် မိုင်းဖုန်း (ခ)ကျေးရွာအတွင်း စပါးစိုက်လယ်မြေဧက (၉၀)ကျော် ရေနစ်မြုပ်ခဲ့သည့်အပြင် မိုင်းကိုးကျေးရွာအုပ်စုတွင်လည်း စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
Tachileik News Agency
ဓါတ်ပုံ - Sai Khin Zaw Latt 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~