တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က အထပ္ျမင့္မီးၿငိမ္းသတ္ယာဥ္ (၁) စီးပံ့ပိုး

တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က အထပ္ျမင့္မီးၿငိမ္းသတ္ယာဥ္ (၁) စီးပံ့ပိုး
ဇွန် 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနတြင္ အသံုးျပဳႏိုင္ရန္အတြက္ ရွမ္းျပည္နယ္အစိုးရက ပံ့ပိုးေပးထားသည့္ အထပ္ျမင့္မီးၿငိမ္းသတ္ယာဥ္ (၁) စီးမွာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁) ရက္ေန႔ ညပိုင္းတြင္ တာခ်ီလိတ္သို႔ ေရာက္ရိွလာၿပီျဖစ္၍ ခရိုင္မီးသတ္တပ္ဖြဲ႕တြင္ မီးသတ္ယာဥ္ (၁၁)စီးရိွလာၿပီျဖစ္သည္။

"မီးသတ္ယာဥ္ေပးအပ္ပြဲက ဇြန္လ(၂၅) ရက္ေန႔ ေန႔လယ္ပိုင္းလုပ္မယ္။ မနက္ပိုင္းက ကေလးစာေပပြဲေတာ္ဖြင့္မယ္။ ေန႔လည္ခင္းရွမ္းရိုးမကြင္းထဲမွာ လုပ္မယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသစ္ေရာက္ရိွလာသည့္ အထပ္ျမင့္မီးၿငိႇမ္းသတ္ယာဥ္မွာ အျမင့္ေပ (၇၅) ေပအထိ ၿငိႇမ္းသတ္ႏိုင္မည္ျဖစ္ရာ သေႏၶတပ္ဖြဲ႕၀င္ (၃၂) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၁၀၀) ဦးရိွသည့္ တာခ်ီလိတ္ခရိုင္ႏွင့္ၿမိဳ႕နယ္တြင္ မီးသတ္ယာဥ္ (၁၁) စီးအထိရိွလာၿပီျဖစ္သည္။

တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းကလည္း ပုိလန္ႏုိင္ငံ (ODA) အစီအစဥ္ျဖင့္ ႏုိင္ငံေတာ္အစိုးရက ပံ့ပိုးသည့္ ရွာေဖြကယ္ဆယ္ေရးသံုးယာဥ္ႏွင့္ မီးသတ္ အေထာက္အကူျပဳယာဥ္တစ္စီးကိုလည္း ရရိွထားျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အထပ်မြင့်မီးငြိမ်းသတ်ယာဉ် (၁) စီးပံ့ပိုး
****************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရက ပံ့ပိုးပေးထားသည့် အထပ်မြင့်မီးငြိမ်းသတ်ယာဉ် (၁) စီးမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ ညပိုင်းတွင် တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်၍ ခရိုင်မီးသတ်တပ်ဖွဲ့တွင် မီးသတ်ယာဉ် (၁၁)စီးရှိလာပြီဖြစ်သည်။

"မီးသတ်ယာဉ်ပေးအပ်ပွဲက ဇွန်လ(၂၅) ရက်နေ့ နေ့လယ်ပိုင်းလုပ်မယ်။ မနက်ပိုင်းက ကလေးစာပေပွဲတော်ဖွင့်မယ်။ နေ့လည်ခင်းရှမ်းရိုးမကွင်းထဲမှာ လုပ်မယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသစ်ရောက်ရှိလာသည့် အထပ်မြင့်မီးငြိှမ်းသတ်ယာဉ်မှာ အမြင့်ပေ (၇၅) ပေအထိ ငြိှမ်းသတ်နိုင်မည်ဖြစ်ရာ သန္ဓေတပ်ဖွဲ့ဝင် (၃၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးရှိသည့် တာချီလိတ်ခရိုင်နှင့်မြို့နယ်တွင် မီးသတ်ယာဉ် (၁၁) စီးအထိရှိလာပြီဖြစ်သည်။

တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ပိုလန်နိုင်ငံ (ODA) အစီအစဉ်ဖြင့် နိုင်ငံတော်အစိုးရက ပံ့ပိုးသည့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်နှင့် မီးသတ် အထောက်အကူပြုယာဉ်တစ်စီးကိုလည်း ရရှိထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net