တာချီလိတ်ရှိ ဟိုတယ်တာချီလိတ်က တစ်ရက် ဘတ်(၁၅၀၀)ဖြင့် Facility Quarantine လက်ခံရန် ပြင်ဆင်နေ

တာချီလိတ်ရှိ ဟိုတယ်တာချီလိတ်က တစ်ရက် ဘတ်(၁၅၀၀)ဖြင့် Facility Quarantine လက်ခံရန် ပြင်ဆင်နေ
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်ရှိ ဟိုတယ်တာချီလိတ်က တစ်ရက် ဘတ်(၁၅၀၀)ဖြင့် Facility Quarantine လက်ခံရန် ပြင်ဆင်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် COVIDE-19 Positive လူနာများနှင့် ထိတွေ့မိသူများ၊ အခြားဒေသများမှ ပြန်လာ၍ အသွားအလာကန့်သတ်နေထိုင်ရမည့်သူများကို တစ်ရက်လျှင် အပြီးအစီး ဘတ်(၁၅၀၀)နှုန်းဖြင့် Facility Quarantine ထားရှိနိုင်ရန်အတွက် ပြင်ဆင်ထားပြီး ခွင့်ပြုချက် စောင့်နေကြောင်း သိရသည်။
“ပြင်ဆင်နေတာတော့ကြာပါပြီ။ ခရိုင်ကျန်းမာရေးကလည်း ဆေးစစ်ဆောင်ရွက်ပြီးပြီ။ ခွင့်ပြုချက်ကိုတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်နယ်ကို တင်လိုက်တယ်။ လိပ်မူတာက ဟိုတယ်ခရီး တာချီလိတ်ရယ်၊ ခရိုင်၊ မြို့နယ် COVID ကော်မတီ ဥက္ကဌတွေရယ်၊ ဟိုတယ်ဇုန်ဥက္ကဌရယ်  လိပ်မူလိုက်တယ်။ ကျွန်တော်တို့က ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ဟိုတယ်တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဟိုတယ်တာချီလိတ်တွင် Facility Quarantine ထားရှိနိုင်ရန် ကနဦး (၂)ယောက်ခန်းအတွက် အခန်းအရေအတွက် (၁၀) ခန်းပြင်ဆင်ထားပြီး Extra Bad ထပ်မံထည့်သွင်းပါက လူဦးရေ (၃၀) ထားရှိနိုင်မည်ဖြစ်ကာ အခန်းတစ်ခန်းလျှင် (၁) ရက် ဘတ် (၁,၅၀၀) သတ်မှတ်ရာ နံနက်စာ၊ နေ့လည်စာ၊ ညစာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
တာချီလိတ်တွင် ရောဂါဖြစ်ပွားမှုမြင့်မားသည့်ဒေသများမှပြန်လာသူများနှင့် အတည်ပြုလူနာဖြင့်ထိတွေ့သူများအား အသွားအလာ ကန့်သတ်နေထိုင်ရန် ဒေသတာဝန်ရှိသူများက သတ်မှတ်ပေးထားသည့်နေရာ၌ မနေလိုသူများ မိမိအစီအစဉ်ဖြင့် ဟိုတယ် quarantine နေနိုင်မည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ နေ့လည်(၂)နာရီအထိ COVID-19 အတည်ပြုလူနာ (၅၅) ဦးရှိနေပြီး ၎င်းတို့နှင့် ထိတွေ့သူများကို တာလော့ကျောင်းနှင့် ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းများတွင် Quarantine ထားရှိပြီး လူဦးရေ (၇၀) နီးပါးရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~