တာခ်ီလိတ္ၿမိဳ႕ရွိ ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ အႏုၾကမ္းစီးခံရ၍ ေရႊ(၄၂)ဘတ္သား ပါသြားရာ ၂၀၁၉ခုႏွစ္အတြင္း တာခ်ီလိတ္တြင္ (၃)ဆိုင္ေျမာက္ အႏုၾကမ္း၀င္စီးခံရျခင္းျဖစ္

တာခ်ီလိတ္ၿမိဳ႕ရွိ ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ အႏုၾကမ္းစီးခံရ၍ ေရႊ(၄၂)ဘတ္သား ပါသြားရာ ၂၀၁၉ခုႏွစ္အတြင္း တာခ်ီလိတ္တြင္ (၃)ဆိုင္ေျမာက္ အႏုၾကမ္း၀င္စီးခံရျခင္းျဖစ္
ဇူလိုင် 8, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ  ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔ နံနက္ပိုင္းက အႏုၾကမ္း၀င္စီးခံရ၍ ေရႊ(၄၂)ဘတ္သား ၀န္းက်င္ပါသြားေၾကာင္းႏွင့္ ယခု ျဖစ္စဥ္အပါအ၀င္  ၂၀၁၉ခုႏွစ္အတြင္း ေရႊဆိုင္(၃)ဆိုင္ေျမာက္ အႏုၾကမ္းစီးကာ လုယက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ဦးထုပ္မ်ား ေဆာင္းထားကာ ေသနတ္ကိုင္ေဆာင္ထားသည့္ အမ်ဳိးသားႏွစ္ဦးသည္ နံနက္(၈)နာရီခြဲ၀န္းက်င္က ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ဆုိင္အတြင္းသို႔ ေျပး၀င္လာကာ လုယက္မႈက်ဴးလြန္ရာ (၂၆)ဘတ္သားရွိ ေရႊဘယက္ဆြဲႀကိဳး(၁)ကံုး ႏွင့္ (၁၆)ဘတ္သားရွိ ေရႊဘယက္(၁)ကံုးတို႔ ပါသြားရာ စုစုေပါင္းတန္ဖိုးေငြမွာ ထိုင္းဘတ္ေငြ(၈၉၉,၃၆၇)ဘတ္ ရွိေၾကာင္း သိရသည္။

"ဆိုင္ဖြင့္ခ်ိန္ ၀င္လုတာေပါ့။ အခုေတာ့ လိုက္ေနတုန္း။ အေဆြေတာ္လမ္းၾကားဘက္ကို ၀င္ေျပးတာ။ Scoopy ဆိုင္ကယ္နဲ႔လာတာ။"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔မွ တရားခံအား အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ မတ္လ (၂၉) ရက္ေန႔က  တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြားခဲ့ၿပီး၊ ၂၀၁၉ ခုႏွစ္ ဇြန္လ (၃) ရက္ေန႔တြင္   ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ မယ္ေခါင္ရပ္ကြက္၊ မဲေခါင္ျမစ္ဟိုတယ္ေဘးရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္ အႏုၾကမ္းစီးမႈ အပါအ၀င္ ယေန႔ ဇူလိုင္လ(၈)ရက္ေန႔တြင္  ၀မ္ေကာင္းရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ  ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ အႏုၾကမ္း၀င္စီးခံရရာ ၂၀၁၉ခုနွစ္အတြင္း ေရႊဆိုင္(၃)ဆိုင္ေျမာက္ အႏုၾကမ္း၀င္စီးခံရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက အနုကြမ်းဝင်စီးခံရ၍ ရွှေ(၄၂)ဘတ်သား ဝန်းကျင်ပါသွားကြောင်းနှင့် ယခု ဖြစ်စဉ်အပါအဝင် ၂၀၁၉ခုနှစ်အတွင်း ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းစီးကာ လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကာ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးသည် နံနက်(၈)နာရီခွဲဝန်းကျင်က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ပြေးဝင်လာကာ လုယက်မှုကျူးလွန်ရာ (၂၆)ဘတ်သားရှိ ရွှေဘယက်ဆွဲကြိုး(၁)ကုံး နှင့် (၁၆)ဘတ်သားရှိ ရွှေဘယက်(၁)ကုံးတို့ ပါသွားရာ စုစုပေါင်းတန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ(၈၉၉,၃၆၇)ဘတ် ရှိကြောင်း သိရသည်။

"ဆိုင်ဖွင့်ချိန် ဝင်လုတာပေါ့။ အခုတော့ လိုက်နေတုန်း။ အဆွေတော်လမ်းကြားဘက်ကို ဝင်ပြေးတာ။ Scoopy ဆိုင်ကယ်နဲ့လာတာ။"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မတ်လ (၂၉) ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်ဟိုတယ်ဘေးရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင် အနုကြမ်းစီးမှု အပါအဝင် ယနေ့ ဇူလိုင်လ(၈)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင် အနုကြမ်းဝင်စီးခံရရာ ၂၀၁၉ခုနှစ်အတွင်း ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းဝင်စီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net