တာခ်ီလိတ္ၿမိဳ႕တြင္ လူ (၂)ဦးေသဆံုးသည့္ယာဥ္တိုက္မႈမွ ထြက္ေျပးသြားသည့္ သက္ေသခံကားကို (၂၄)နာရီအတြင္း သိမ္းဆည္းထားမိေသာ္လည္း တရားခံမွာ တိမ္းေရွာင္ေန၍ ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္ရြက္ေန

တာခ်ီလိတ္ၿမိဳ႕တြင္ လူ (၂)ဦးေသဆံုးသည့္ယာဥ္တိုက္မႈမွ ထြက္ေျပးသြားသည့္ သက္ေသခံကားကို (၂၄)နာရီအတြင္း သိမ္းဆည္းထားမိေသာ္လည္း တရားခံမွာ တိမ္းေရွာင္ေန၍ ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္ရြက္ေန
ဇွန် 5, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ဆန္ဆိုင္းေစ်းအနီးတြင္ ဆိုင္ကယ္တစ္စီးအား လမ္းေျပာင္းျပန္ျဖင့္ အရွိန္ျပင္းစြာ ေမာင္းလာသည့္ ေမာ္ေတာ္ကားတစ္စီးမွ တိုက္မိကာ ထြက္ေျပးသြားၿပီး ဆိုင္ကယ္ေပၚပါသူ (၂)ဦးမွာ ေနရာ၌ပင္ ေသဆံုးသြားခဲ့ရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍  သက္ေသခံကားကို (၂၄) နာရီအတြင္း သိမ္းဆီးႏိုင္ခဲ့ၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ ဆက္လက္ဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ေမလ(၂၈)ရက္ေန႔ ည(၉)နာရီ (၄၀)၀န္းက်င္အခ်ိန္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚတြင္ ၿမိဳ႕တြင္းဘက္မွ ဆန္ဆိုင္းဘက္သို႔ အရွိန္ျပင္းစြာ လမ္းေျပာင္းျပန္ေမာင္းလာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးက ဆန္ဆိုင္းဘက္မွ လာသည့္ ဆိုင္ကယ္အား တိုက္မိကာ ထြက္ေျပးသြားရာ ဆိုင္ကယ္ေပၚပါသည့္ အမ်ဳိးသားတစ္ဦး ႏွင့္ အမ်ဳိးသမီးတစ္ဦးတို႔မွာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္ၿပီး CCTV မွတ္တမ္းအရ သိရသည္။

 ေမာင္းနင္ထြက္ေျပးသြားသည့္ကားမွာ TOYOTA HILUX REVO KUN125L အမ်ဳိးအစား အျပာေရာင္ ျဖစ္ၿပီး ယာဥ္အမွတ္ မွာ 7M-5130 ျဖစ္ေၾကာင္း ႏွင့္ ယာဥ္မွတ္ပံုတင္ထားသည့္ ကားျဖစ္ေၾကာင္း သိရိွရသျဖင့္ လိုက္လံရွာေဖြရာ ေမလ (၂၉) ရက္ေန႔ ညေနပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ ပါ၀ုန္းရြာရိွ႕ ၿခံ၀င္းအတြင္းမွေတြ႕ရိွခဲ့ရသျဖင့္ သက္ေသခံကားကို သိမ္းဆည္းခဲ့ကာ ယာဥ္ထိန္းရံုးတြင္ ထားရွိထားေၾကာင္း ႏွင့္ ယာဥ္ေမာင္းအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔ထံက  သိရသည္။

"မမိေသးဘူး။ လူကေရွာင္ေနေသးတယ္။ ကားကမိၿပီ။ ကားကပါ၀ုန္းဘက္မွာေတြ႕တာ"ဟု  အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴးေဇာ္မင္းသိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

CCTV မွတ္တမ္းမ်ားအရစစ္ေဆးရာတြင္ ဖန္မင္အုပ္စု၊ ပါ၀ုန္းရြာေန စိုင္းထန္းဆိုသူေမာင္းႏွင္လာေၾကာင္း စစ္ေဆးေတြ႕ရိွရသျဖင့္ တရားခံဖမ္းဆီးရမိေရးဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဆန်ဆိုင်းဈေးအနီးတွင် ဆိုင်ကယ်တစ်စီးအား လမ်းပြောင်းပြန်ဖြင့် အရှိန်ပြင်းစွာ မောင်းလာသည့် မော်တော်ကားတစ်စီးမှ တိုက်မိကာ ထွက်ပြေးသွားပြီး ဆိုင်ကယ်ပေါ်ပါသူ (၂)ဦးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်သေခံကားကို (၂၄) နာရီအတွင်း သိမ်းဆီးနိုင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆာင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ည(၉)နာရီ (၄၀)ဝန်းကျင်အချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် မြို့တွင်းဘက်မှ ဆန်ဆိုင်းဘက်သို့ အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းလာသည့် မော်တော်ယာဉ်တစ်စီးက ဆန်ဆိုင်းဘက်မှ လာသည့် ဆိုင်ကယ်အား တိုက်မိကာ ထွက်ပြေးသွားရာ ဆိုင်ကယ်ပေါ်ပါသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့မှာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ပြီး CCTV မှတ်တမ်းအရ သိရသည်။

 မောင်းနင်ထွက်ပြေးသွားသည့်ကားမှာ TOYOTA HILUX REVO KUN125L အမျိုးအစား အပြာရောင် ဖြစ်ပြီး ယာဉ်အမှတ် မှာ 7M-5130 ဖြစ်ကြောင်း နှင့် ယာဉ်မှတ်ပုံတင်ထားသည့် ကားဖြစ်ကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ မေလ (၂၉) ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းရွာရှိ့ ခြံဝင်းအတွင်းမှတွေ့ရှိခဲ့ရသဖြင့် သက်သေခံကားကို သိမ်းဆည်းခဲ့ကာ ယာဉ်ထိန်းရုံးတွင် ထားရှိထားကြောင်း နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။

"မမိသေးဘူး။ လူကရှောင်နေသေးတယ်။ ကားကမိပြီ။ ကားကပါဝုန်းဘက်မှာတွေ့တာ"ဟု အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

CCTV မှတ်တမ်းများအရစစ်ဆေးရာတွင် ဖန်မင်အုပ်စု၊ ပါဝုန်းရွာနေ စိုင်းထန်းဆိုသူမောင်းနှင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net