မိုင်းဆတ်မြို့နယ်အတွင်း မြေကြီးထဲက စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိ သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း မြေကြီးထဲက စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိ သိမ်းဆည်းရမိ
အောက်တိုဘာ 2, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း မြေကြီးထဲက စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်ကျေးရွာအနီး တောတွင်း၌ မြေကြီးအတွင်း ပလတ်စတစ်ပုံး၊ ကော်ပေပါတို့ဖြင့် မြုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့က ရှာဖွေတွေ့ရှိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်တွင် မယ်ကြုတ်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တောအတွင်း၌ မြေကြီးအတွင်းမြုပ်ထားသည့် ပလတ်စတစ်ပုံးနှင့် ကော်ပေပါတို့အား တွေ့ရသဖြင့် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား(ရေစိုပျက်စီး) ၉၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့် (၁၃၈) ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~