မီးလောင်သည့်အခါ ရေများအလွယ်တကူ ယူနိုင်မည့် မီးသတ်ရေကန်များအတွင်း အမှိုက်များ မစွန့်ပစ်ရန် အသိပေး

ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
မီးလောင်သည့်အခါ ရေများအလွယ်တကူ ယူနိုင်မည့် မီးသတ်ရေကန်များအတွင်း အမှိုက်များ မစွန့်ပစ်ရန် အသိပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ နွေရာသီ မီးဘေးကိစ္စနဲ့ပတ်သက်ပြီး အထောက်အကူပြုနိုင်ရန်အတွက် မီးသတ်ရေကန်တွေကို အမိုးတွေပြုပြင်တာ၊ ဆေးသုတ်တာတွေအပြင် သန့်ရှင်းရေးလုပ်ဆောင်ပြီး ရေဖြည့်တင်းမှုတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ စတင်ဆောင်ရွက်နေသလို အနီးအနားကဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ မီးသတ်ရေကန်တွေထဲကို အမှိုက်တွေမစွန့်ပစ်စေချင်ကြောင်း  တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။

မီးလောင်မှုဖြစ်ရင် အနီးစပ်ဆုံးက ရေယူလို့ရအောင် ရပ်ကွက်တိုင်းမှာ မီးသတ်ရေကန်တွေထားရှိသင့်တယ်လို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။

တာချီလိတ်မြို့တွင်းမှာ ရေဂါလံ (၂၅၀၀) ကနေ ဂါလံ (၆၀၀၀) ထိဆန့်တဲ့ရေကန်တွေ (၁၅) လုံးရှိနေပေမယ့် အများစုက ရပ်ကွက်နေပြည်သူတွေစုပေါင်းသုံးစွဲတဲ့ရေကန်တွေဖြစ်နေတဲ့အတွက် မီးသတ်ရေကန်အဖြစ် (၆) လုံးသာအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~