၂၀၂၀ ပါတီစံုဒီမိုကေရစီေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းေကာက္ယူမႈ ဇူလိုင္ (၈) ရက္ေန႔တြင္စတင္မည္

၂၀၂၀ ပါတီစံုဒီမိုကေရစီေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းေကာက္ယူမႈ ဇူလိုင္ (၈) ရက္ေန႔တြင္စတင္မည္
ဇူလိုင် 4, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၂၀ ခုႏွစ္၊ ပါတီစံုဒီမိုကေရစီေရြးေကာက္ပြဲအတြက္ မဲေပးပိုင္ခြင့္ရိွသည့္ မဲဆႏၵရွင္စာရင္းေကာက္ယူမႈကို ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၈) ရက္ေန႔တြင္ စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"၂၀၂၀ အေထြေထြေရြးေကာက္ပြဲ မဲဆႏၵေပးပိုင္ခြင့္ရိွတဲ့သူအားလံုး ဆႏၵမဲေပးပိုင္ခြင့္ရိွေစဖို႔ လူဦးေရကို စေကာက္တာေပါ့။ အပိုင္း (၄) ပိုင္းနဲ႔သြားမွာပါ။ လူဦးေရစာရင္းကိန္းဂဏန္းကို မွန္လည္း မွန္ကန္ရမယ္၊ တိက်ရမယ္။ ျပည့္စံုရမယ္။ ဒါကို အဓိကထားတာေပါ့။ ရပ္ေက်းေတြက တက္လာတဲ့ လူဦးေရစာရင္းေတြကို ၿမိဳ႕နယ္ လ၀ကမွာ အဖြဲ႕ဖြဲ႕ၿပီးေတာ့ စိစစ္မွာေပါ့။ စာရင္းေတြမွန္ကန္မႈရိွရင္ စာရင္း (၂) စံုမွာ (၁) စံုကို ရပ္ေက်းကိုျပန္ခ်ေပးမယ္။ မဲဆႏၵရွင္စာရင္းကိုလည္း ဒါၿပီးရင္ ဆက္လုပ္ဖို႔ အစီအစဥ္ရိွတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မဲဆႏၵရွင္စာရင္းေကာက္ယူႏိုင္ရန္အတြက္ လူဦးေရစာရင္းအခ်က္အလက္မ်ားေကာက္ယူျပဳစုျခင္းႏွင့္ အေျခခံမဲဆႏၵရွင္စာရင္းျပဳစုျခင္းဆိုင္ရာ ဆင့္ပြားသင္တန္းကို တာခ်ီလိတ္ၿမို႕ရွိ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ခုႏွစ္ ဇူလုိင္လ (၄)ရက္ေန႔ နံနက္က ျပဳလုပ္ရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ၿမို႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕မွ တာဝန္ရိွသူမ်ား၊ ရပ္ကြက္ႏွင့္ ေက်းရြာမ်ားမွ အုပ္ခ်ဳပ္ေရးမွဴးမ်ား အပါအ၀င္ ရံုးအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကောက်ယူမှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိစေဖို့ လူဦးရေကို စကောက်တာပေါ့။ အပိုင်း (၄) ပိုင်းနဲ့သွားမှာပါ။ လူဦးရေစာရင်းကိန်းဂဏန်းကို မှန်လည်း မှန်ကန်ရမယ်၊ တိကျရမယ်။ ပြည့်စုံရမယ်။ ဒါကို အဓိကထားတာပေါ့။ ရပ်ကျေးတွေက တက်လာတဲ့ လူဦးရေစာရင်းတွေကို မြို့နယ် လဝကမှာ အဖွဲ့ဖွဲ့ပြီးတော့ စိစစ်မှာပေါ့။ စာရင်းတွေမှန်ကန်မှုရှိရင် စာရင်း (၂) စုံမှာ (၁) စုံကို ရပ်ကျေးကိုပြန်ချပေးမယ်။ မဲဆန္ဒရှင်စာရင်းကိုလည်း ဒါပြီးရင် ဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကောက်ယူနိုင်ရန်အတွက် လူဦးရေစာရင်းအချက်အလက်များကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ နံနက်က ပြုလုပ်ရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ အပါအဝင် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net