တာခ်ီလိတ္တြင္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္း ကြင္းဆင္းေဆာင္ရြက္ေပးရာ၌ ေမာ္ေတာ္ဆိုင္ကယ္ေမာင္း လိုင္စင္ျပဳလုပ္သူ အမ်ားဆံုးျဖစ္ေန

တာခ်ီလိတ္တြင္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္း ကြင္းဆင္းေဆာင္ရြက္ေပးရာ၌ ေမာ္ေတာ္ဆိုင္ကယ္ေမာင္း လိုင္စင္ျပဳလုပ္သူ အမ်ားဆံုးျဖစ္ေန
သြဂုတ် 22, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ရပ္ကြက္၊ ေက်းရြာမ်ားအထိ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား တတိယအႀကိမ္ ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ဌာန(၁၂)ခုက ေဆာင္ရြက္ေပးေနရာ ေမာ္ေတာ္ဆုိင္ကယ္ ေမာင္းလိုင္စင္ျပဳလုပ္သူ အမ်ားဆံုးျဖစ္ေနၿပီး ၾသဂုတ္လ (၂၁)ရက္ေန႔အထိ စုစုေပါင္း (၉၁၃) ဦးကို လိုင္စင္ထုတ္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

" အခုတစ္ေခါက္က ဆုိင္ကယ္ေမာင္းလုိင္စင္လုပ္တဲ့သူေတြ ပိုမ်ားတယ္။ အရင္အေခါက္ေတြတုန္းက လဝကမွာ လူအမ်ားဆံုး။ ဒီတစ္ေခါက္ ထူးျခားတာက ကညနနဲ႔ အာမခံ ပါလာတာ။ ဒီတတိယအႀကိမ္ မိုဘိုင္းေရြ႕လ်ားဝန္ေဆာင္မႈၿပီးသြားရင္ ကၽြန္ေတာ္တို႔ ျပန္သံုးသပ္ဦးမွာပါ။ သံုးသပ္ၿပီးရင္ ဒီထက္ေကာင္းတဲ့ ျပည္သူေတြအတြက္ အက်ိဳးရိွတဲ့လုပ္ငန္းဌာနေတြ ျပန္ေပါင္းစည္းၿပီး လုပ္မွာပါ"ဟု တာခ်ီလိတ္ ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။ 

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန (ကညန)အေနျဖင့္ ယခင္က ရွမ္းရိုးမကြင္းတြင္ တစ္လလွ်င္ တစ္ႀကိမ္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္မ်ားကို စီမံခ်က္ျဖင့္ ထုတ္ေပးေနရာမွ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ (၁)ရက္ေန႔မွစ၍ စေန၊ တနဂၤေႏြမွအပ ေန႔စဥ္အလွည့္က်ကြင္းဆင္းေဆာင္ရြက္ေပးေနသည့္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းတြင္ ပူးေပါင္းေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

"ဆိုင္ကယ္ေမာင္းလိုင္စင္အသစ္ လုပ္ေပးတာေပါ့။ အရင္တုန္းက ရွမ္းရိုးမကြင္းမွာ လုပ္ေပးေနတာက အခု OSS အဖြဲ႕နဲ႔ ေန႔တိုင္းလုပ္ေပးေနတဲ့ပံုစံေပါ့။ စစ္ေဆးခ (၄၀၀၀) လည္းေလ်ာ့ေပးထားပါတယ္"ဟု တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်သတ္မွတ္ေပးလိုက္သျဖင့္ ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သူမ်ားအေနျဖင့္ တာခ်ီလိတ္ၿမိဳ႕ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးတြင္ လာေရာက္္လုပ္ေဆာင္သည္ထက္ ေငြက်ပ္ (၄၀၀၀) သက္သာမည္ျဖစ္သည္။

ျပည္သူ႕၀န္ေဆာင္မႈရံုး(One Stop Shop - OSS)တြင္ ပါဝင္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ တတိယအႀကိမ္ေျမာက္ကြင္းဆင္းေဆာင္ရြက္မႈ၌ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကလည္း ပူးေပါင္းပါဝင္လာျကျခင္း ျဖစ္သည္။

OSS ၀န္ေဆာင္မႈအေနျဖင့္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁)ရက္ေန႔တြင္ ဝမ္ေကာင္းရပ္ကြက္၊ ၾသဂုတ္လ (၂)ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ၾသဂုတ္လ(၅)ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္၊ ၾသဂုတ္လ(၇)ရက္ေန႔တြင္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၾသဂုတ္လ (၈)ရက္ေန႔တြင္ ဆန္ဆုိင္း(က)ရပ္ကြက္၊ ၾသဂုတ္လ (၉)ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္၊ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ပါဆတ္ရပ္ကြက္၊ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္  ေဆခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ လြယ္ေတာ္ခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ ဝမ္လံုးေက်းရြာ၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ဖန္မင္ေက်းရြာ၊ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ မုိင္းကိုးေက်းရြာတို႔တြင္ ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ၿပီးျဖစ္သည္။

အဆိုပါဝန္ေဆာင္မႈမ်ားအား ၾသဂုတ္လ (၂၂)ရက္ေန႔တြင္ မုိင္းဟဲေက်းရြာ၊ ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ မုိင္းဖုန္း(က)ေက်းရြာ၊ ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ မုိင္းဖုန္း (ခ)ေက်းရြာမ်ားတြင္ ကြင္းဆင္းေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးရာ၌ မော်တော်ဆိုင်ကယ်မောင်း လိုင်စင်ပြုလုပ်သူ အများဆုံးဖြစ်နေ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်၊ ကျေးရွာများအထိ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဌာန(၁၂)ခုက ဆောင်ရွက်ပေးနေရာ မော်တော်ဆိုင်ကယ် မောင်းလိုင်စင်ပြုလုပ်သူ အများဆုံးဖြစ်နေပြီး သြဂုတ်လ (၂၁)ရက်နေ့အထိ စုစုပေါင်း (၉၁၃) ဦးကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

" အခုတစ်ခေါက်က ဆိုင်ကယ်မောင်းလိုင်စင်လုပ်တဲ့သူတွေ ပိုများတယ်။ အရင်အခေါက်တွေတုန်းက လဝကမှာ လူအများဆုံး။ ဒီတစ်ခေါက် ထူးခြားတာက ကညနနဲ့ အာမခံ ပါလာတာ။ ဒီတတိယအကြိမ် မိုဘိုင်းရွေ့လျားဝန်ဆောင်မှုပြီးသွားရင် ကျွန်တော်တို့ ပြန်သုံးသပ်ဦးမှာပါ။ သုံးသပ်ပြီးရင် ဒီထက်ကောင်းတဲ့ ပြည်သူတွေအတွက် အကျိုးရှိတဲ့လုပ်ငန်းဌာနတွေ ပြန်ပေါင်းစည်းပြီး လုပ်မှာပါ"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)အနေဖြင့် ယခင်က ရှမ်းရိုးမကွင်းတွင် တစ်လလျှင် တစ်ကြိမ် မော်တော်ဆိုင်ကယ်မောင်းလိုင်စင်များကို စီမံချက်ဖြင့် ထုတ်ပေးနေရာမှ ၂၀၁၉ ခုနှစ်၊ သြဂုတ် (၁)ရက်နေ့မှစ၍ စနေ၊ တနင်္ဂနွေမှအပ နေ့စဉ်အလှည့်ကျကွင်းဆင်းဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

"ဆိုင်ကယ်မောင်းလိုင်စင်အသစ် လုပ်ပေးတာပေါ့။ အရင်တုန်းက ရှမ်းရိုးမကွင်းမှာ လုပ်ပေးနေတာက အခု OSS အဖွဲ့နဲ့ နေ့တိုင်းလုပ်ပေးနေတဲ့ပုံစံပေါ့။ စစ်ဆေးခ (၄၀၀၀) လည်းလျော့ပေးထားပါတယ်"ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးလိုက်သဖြင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်သူများအနေဖြင့် တာချီလိတ်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးတွင် လာရောက်လုပ်ဆောင်သည်ထက် ငွေကျပ် (၄၀၀၀) သက်သာမည်ဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop - OSS)တွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် တတိယအကြိမ်မြောက်ကွင်းဆင်းဆောင်ရွက်မှု၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကလည်း ပူးပေါင်းပါဝင်လာကြခြင်း ဖြစ်သည်။

OSS ဝန်ဆောင်မှုအနေဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ(၁)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ သြဂုတ်လ(၅)ရက်နေ့တွင် တာလော့ရပ်ကွက်၊ သြဂုတ်လ (၆)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်၊ သြဂုတ်လ(၇)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သြဂုတ်လ (၈)ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ သြဂုတ်လ (၉)ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ပါဆတ်ရပ်ကွက်၊ သြဂုတ်လ (၁၅)ရက်နေ့တွင်  ဆေခမ်းရပ်ကွက်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် လွယ်တော်ခမ်းရပ်ကွက်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် ဝမ်လုံးကျေးရွာ၊ သြဂုတ်လ (၂၀)ရက်နေ့တွင် ဖန်မင်ကျေးရွာ၊ သြဂုတ်လ (၂၁)ရက်နေ့တွင် မိုင်းကိုးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

အဆိုပါဝန်ဆောင်မှုများအား သြဂုတ်လ (၂၂)ရက်နေ့တွင် မိုင်းဟဲကျေးရွာ၊ သြဂုတ်လ (၂၃)ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာ၊ သြဂုတ်လ (၂၆)ရက်နေ့တွင် မိုင်းဖုန်း (ခ)ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net