တာချီလိတ် ညဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ ယာယီ ပိတ်ထားရမည်

တာချီလိတ် ညဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ ယာယီ ပိတ်ထားရမည်
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်းအတွင်း တာချီလိတ်မြို့တွင် ကူးစက်မှု မြန်ဆန်နေသည့်အတွက် တာချီလိတ်မြို့တွင်းရှိ ညဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ (၁၄)ရက် တိတိ ပိတ်ထားရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် လိုက်လံအသိပေးနေကြောင်း သိရသည်။

ညဈေးအပြင် မြို့ပေါ်နှင့် ရပ်ကွက်များရှိ ဈေးများအားလုံးကိုလည်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၇)ရက်နေ့က စတင်ကာ ဇူလိုင်လ(၂၀)ရက်နေ့အထိ ပိတ်ခိုင်းထားသော်လည်း နေ့စဉ် စားသုံးကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်များနှင့် အသားငါးဈေးသည်များအနေဖြင့် နံနက်(၁၁)နာရီအထိသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနက ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များကို အသိပေးထားကြောင်းလည်း သိရသည်။