တာချီလိတ်မြို့မီးလင်းရေးကော်မတီရန်ပုံငွေဖြင့် လမ်းမီးများတပ်ဆင်ပေးခြင်းကို အဆင့်(၂)ဆင့်ခွဲ လုပ်ဆောင်ပေးနေ

တာချီလိတ်မြို့မီးလင်းရေးကော်မတီရန်ပုံငွေဖြင့် လမ်းမီးများတပ်ဆင်ပေးခြင်းကို အဆင့်(၂)ဆင့်ခွဲ လုပ်ဆောင်ပေးနေ
ဇူလိုငျ 28, 2019
By Tachileik News Agency

ထိုင်းနိုင်ငံနှင့် နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ လမ်းမီးများ တပ်ဆင်ခြင်းကို မြို့မီးလင်းရေးကော်မတီရန်ပုံငွေဖြင့် အဆင့်(၂)ဆင့်ခွဲ၍ ဆောင်ရွက်ပေးနေကြောင်း သိရသည်။



မြို့မီးလင်းရေးကော်မတီ၏ ရန်ပုံငွေဖြင့် လမ်းမီးများတပ်ဆင်ခြင်းကို ပထမအဆင့်အနေဖြင့် အဓိကလမ်းကြီးများဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှ လေဆိပ်နှင့် ပုန်းထွန်ရပ်ကွက်သို့ သွားသည့်လမ်းများ၊ ပါဆတ်ကားလေးကွင်းမှ ပုံလို့ဘုန်းကြီးကျောင်းအထိ အနောက်မြို့ပတ်လမ်းတို့တွင် စုစုပေါင်း မီးလုံး (၂၈၀)ဝန်းကျင် တပ်ဆင်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် မြို့ပတ်လမ်းနှင့် လမ်းမီးမရှိသေးသည့် လမ်းသွယ်များတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချပေးခြင်းကို ဌာနဆိုင်ရာများ၊ မြို့လူထုကိုယ်စားလှယ်များပါဝင်သည့် မီးလင်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့် နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ လမ်းမီးများ တပ်ဆင်ခြင်းကို မြို့မီးလင်းရေးကော်မတီရန်ပုံငွဖြေင့် အဆင့်(၂)ဆင့်ခွဲ၍ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“လမ်းမီးတပ်ဆင်တာကို မီးလင်းရေးရန်ပုံငွေကနေ လုပ်ပေးတာပါ။ ပထမအဆင့်အနေနဲ့ လမ်းမတန်းကြီးတွေမှာ အရင်တပ်မှာပါ။ မြို့အင်္ဂါရပ်နဲ့ညီအောင် လုပ်ဆောင်နေတာပါ။ ဒုတိယအဆင့်အနေနဲ့က မြို့ပတ်လမ်းတို့၊ လမ်းမီးမရှိသေးတဲ့ လမ်းကြားတွေတို့မှာ တပ်ဆင်ပေးသွားမှာပါ”ဟု မြို့မီးလင်းရေးကော်မတီ ဥက္ကဌဖြစ်သူ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလင်းရေးကော်မတီက လမ်းမကြီးများတစ်လျှောက် မီးလုံးများ တပ်ဆင်ပေးခြင်းကို ဆောင်ရွက်ပေးနေရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ လေဆိပ်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် မီးလုံးပေါင်း (၁၀၀)နီးပါး တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီ၏ ရန်ပုံငွဖြေင့် လမ်းမီးများတပ်ဆင်ခြင်းကို ပထမအဆင့်အနဖြေင့် အဓိကလမ်းကြီးများဖြစ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှ လေဆိပ်နှင့် ပုန်းထွန်ရပ်ကွက်သို့ သွားသည့်လမ်းများ၊ ပါဆတ်ကားလေးကွင်းမှ ပုံလို့ဘုန်းကြီးကျောင်းအထိ အနောက်မြို့ပတ်လမ်းတို့တွင် စုစုပေါင်း မီးလုံး (၂၈၀)ဝန်းကျင် တပ်ဆင်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနဖြေင့် မြို့ပတ်လမ်းနှင့် လမ်းမီးမရှိသေးသည့် လမ်းသွယ်များတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းမီးများ၏ မီတာခနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို စည်ပင်သာယာရေးဌာန တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချပေးခြင်းကို ဌာနဆိုင်ရာများ၊ မြို့လူထုကိုယ်စားလှယ်များပါဝင်သည့် မီးလင်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net