တာချီလိတ်မြို့နယ် ပါဘီး(၃)ကျေးရွာတွင် မီးဘေးသင့်ခဲ့ရသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

တာချီလိတ်မြို့နယ် ပါဘီး(၃)ကျေးရွာတွင် မီးဘေးသင့်ခဲ့ရသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
မေ 10, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာတွင် မေလ(၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုအား ၂၀၁၉ခုနှစ် မေလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ  ထောက်ပံ့ပစ္စည်းများဖြင့် သွားရောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။



ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းများတွင် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စုံ နှင့် ပုံမှန်အားဖြင့် ဆန်ရိက္ခာဖိုး(၇)ရက်စာကို ထောက်ပံ့ပေးလေ့ရှိကြောင်းနှင့် ဆုံးရှုံးသွားသည့် နေအိမ်၏ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေမှာ အိမ်ပေါ်တွင် မူတည်ကာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Nang Nang


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာတွင် မေလ(၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုအား ၂၀၁၉ခုနှစ် မေလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ေဘးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများဖြင့် သွားရောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာတွင် မေလ(၈)ရက်နေ့ ညနေပိုင်းက ကလေးငယ်မှ မီးဆော့ရာက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားပြီး လူ(၆)ဦး မီးဘေးသင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့ရသူများအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး နှင့် မီးဘေးသင့် (၆)ဦးအတွက် ဆန်ရိက္ခါဖိုး (၇)ရက်စာ ကျပ် (၁၂,၆၀၀)၊ အိမ်ဆောက်ပစ္စည်းအတွက် ကျပ်(၁)သိန်း စုစုပေါင်း ကျပ် (၁၁၂,၆၀၀) အား မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် တာချီလိတ်မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးဌာနမှူး ဒေါ်နန်းမွှေးမွှေးခင် နှင့် မိုင်းကိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုင်းပင်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနအနဖြေင့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းများတွင် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စုံ နှင့် ပုံမှန်အားဖြင့် ဆန်ရိက္ခါဖိုး(၇)ရက်စာကို ထောက်ပံ့ပေးလေ့ရှိကြောင်းနှင့် ဆုံးရှုံးသွားသည့် နေအိမ်၏ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေမှာ အိမ်ပေါ်တွင် မူတည်ကာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Nang Nang

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net