တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း ဒုတိယအကြိမ်အဖြစ် အပင်ပေါင်း (၄၄၅၀) စုပေါင်းစိုက်ပျိုး

တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း ဒုတိယအကြိမ်အဖြစ် အပင်ပေါင်း (၄၄၅၀) စုပေါင်းစိုက်ပျိုး
ဇူလိုငျ 6, 2019
By Tachileik News Agency


သစ်တောပြုန်းတီးမှုများအတွက် အစားထိုးစိုက်ပျိုးမှုများကို ဌာနဆိုင်ရာများက တစ်နှစ်တစ်ကြိမ် ဆောင်ရွက်နေရာမှ တစ်နှစ်(၂)ကြိမ် ပြည်သူလူထုပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို၂၀၁၉ ခုနှစ် မိုးရာသီမှစ၍ အကောင်အထည်ဖေါ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ခဲ့သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် အပင်ပေါင်း (၇၀,၀၀၀)ကို နှစ်ကြိမ်ခွဲ၍ စိုက်ပျိုးနေခြင်းဖြစ်သည်။



ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးခြင်းကို မိုင်းကိုးကျေးရွာအုပ်စု အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်နယ်အတွင်း အပင်ပေါင်း (၆၀၀)၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာ မိုင်းလင်းဘုန်းကြီးကျောင်းတွင် အပင် (၅၅၀)၊ ကျိုင်းလပ်မြို့၊ မိုင်းပါးလျိုးကျေးရွာအုပ်စု ဝမ်ယန်းကျေးရွာတွင် အပင် (၃၀၀)နှင့် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေဟားအထက်ကျေးရွာတွင် အပင် (၃,၀၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို တာချီလိတ်တပ်နယ်၊ တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းအဖြစ် အပင်မျိုးစုံ (၄,၄၅၀) ပင်ကို နေရာ(၄)နေရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့က စိုက်ပျိုးကြသည်။

သစ်တောပြုန်းတီးမှုများအတွက် အစားထိုးစိုက်ပျိုးမှုများကို ဌာနဆိုင်ရာများက တစ်နှစ်တစ်ကြိမ် ဆောင်ရွက်နေရာမှ တစ်နှစ်(၂)ကြိမ် ပြည်သူလူထုပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို၂၀၁၉ ခုနှစ် မိုးရာသီမှစ၍ အကောင်အထည်ဖော်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ခဲ့သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် အပင်ပေါင်း (၇၀,ဝဝဝ)ကို နှစ်ကြိမ်ခွဲ၍ စိုက်ပျိုးနခြေင်းဖြစ်သည်။

"မြို့နယ်အနေနဲ့ ပျိုးပင် (၇၀,ဝဝဝ) ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ အပင် (၈,ဝဝဝ) ဒီနှစ်အတွက် ပျိုးထားတယ်။ အဓိက က ဒီအပင်တွေ မြေချစိုက်ဖို့ပေါ့။ အသင်းအဖွဲ့တွေ တစ်ဦးချင်းစိုက်ချင်တဲ့သူတွေကို ပျိုးပင်တွေ အခမဲ့ဖြန့်ပေးတယ်။ ပေါငိးရှင်းတာနဲ့ အပင်တွေရှင်သန်ဖို့က သစ်တောအနေနဲ့ဆောင်ရွက်မှာပါ"ဟု တာချီလိတ်ခရိုင် သစ်တောဦးစီးမှူး ဦးရီထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမအကြိမ် သစ်ပင်စိုက်ပျိုးခြင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၁၉) ရက်နေ့က ဌာနဆိုင်ရာများ၊ ဒေသတွင်းမှ သတ္တုကုမ္ပဏီများက သတ်မှတ်နယ်မြေများအလိုက် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း စိုက်ပျိုးသည့် သစ်ပင်များရှင်သန်ရေးအတွက် သက်ဆိုင်ရာဌာန၊ ကုမ္ပဏီများအလိုက် တာဝန်ယူကြရမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးခြင်းကို မိုင်းကိုးကျေးရွာအုပ်စု အမှတ်(၁၀၀၉) နယ်ခြားစောင့်တပ်နယ်အတွင်း အပင်ပေါင်း (၆၀၀)၊ တာလမြေို့ မိုင်းလင်းအနောက်ကျေးရွာ မိုင်းလင်းဘုန်းကြီးကျောင်းတွင် အပင် (၅၅၀)၊ ကျိုင်းလပ်မြို့၊ မိုင်းပါးလျိုးကျေးရွာအုပ်စု ဝမ်ယန်းကျေးရွာတွင် အပင် (၃၀၀)နှင့် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေဟားအထက်ကျေးရွာတွင် အပင် (၃,ဝဝဝ) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို တာချီလိတ်တပ်နယ်၊ တာချီလိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနပြေည်သူများ ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net