တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၂၉)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၂၉)ဦး တွေ့ရှိ
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ကျပ်(၁၀,၀၀၀)ဖြင့် Covid-19 စစ်ဆေးပေးနေသည့် Fever Clinic တွင် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်(၂)နာရီအထိ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

နေ့တစ်ပိုင်းအတွင်း ထပ်တိုးတွေ့ရသည့် (၂၉)ဦးတွင် အမျိုးသား (၁၅)ဦး နှင့် အမျိုးသမီး (၁၄)ဦးတို့ ပါဝင်ပြီး ၎င်းတို့နှင့် ထိတွေ့သူများကို စစ်ဆေးပေးနိုင်ရန်အတွက်လည်း မေးမြန်းနေကြောင်း သိရသည်။ 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ကစတင်လာရာ ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်(၂)နာရီအထိ  Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၅၆၅)ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူများကို  ဒေသအာဏာပိုင်များမှ ကြပ်မတ်သည့် စောင့်ကြည့်ကုသရေးအဆောင်များဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)တွင် ဖွင့်လှစ်ထားသည့် Quarantine Centre နှင့် လူဦးရေ (၁,၀၀၀)အထိ ထားရှိနိုင်မည့် Covid-19 လူနာစောင့်ကြည့်ကုသဆောင်(ဝမ်လုံး)တို့အပြင်  လောင်းကစားနှင့် KTV များ လှစ်ဖွင့်ထားသည့် ဟိုတယ်များမှ တွေ့ရသည့် ပိုးတွေ့လူနာများ အပါအဝင် ထိတွေ့သူများကိုလည်း 1G1 Hotel, ရွှေဘူးသီးဟိုတယ်၊ တြိဂံဟိုတယ်၊ ဟုန်ပန်းကွင်း၊ DAT KTV & Club တို့တွင် ထားရှိကြောင်း သိရသည်။