တာေလ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ဇြန္လ(၂၂)ရက္ေန႔၌ နံနက္(၉)နာရီကစ၍ ညေန(၄)နာရီအထိ လွ်ပ္စစ္မီး ျပတ္ေတာက္မည္

တာေလ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ဇြန္လ(၂၂)ရက္ေန႔၌ နံနက္(၉)နာရီကစ၍ ညေန(၄)နာရီအထိ လွ်ပ္စစ္မီး ျပတ္ေတာက္မည္
ဇွန် 21, 2019
By 🌸
ျမန္မာ - လာအိုနယ္စပ္ေဒသ တာခ်ီလိတ္ခ႐ိုင္အတြင္း က်ဳိင္းလပ္ၿမိဳ႕ အပါအဝင္ တာေလၿမိဳ႕တို႔တြင္ လွ်ပ္စစ္မီးႀကိဳး မီးတိုင္မ်ားျဖင့္ မလြတ္ကင္းသည့္ သစ္ပင္၊သစ္ကိုင္းမ်ားအား ခုတ္ထြင္ရွင္းလင္း ဖယ္ရွားမည္ျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၂၂)ရက္ေန႔တြင္ လွ်ပ္စစ္မီး ေန႔ပိုင္း ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

  ဇြန္လ(၂၂)ရက္ေန႔ နံနက္(၉)နာရီမွ ညေန(၄)နာရီအခ်ိန္အထိ အဆိုပါ ၿမိဳ႕(၂)ၿမိဳ႕အား လွ်ပ္စစ္မီးျဖတ္ေတာက္ကာ လုပ္ငန္းကို အျမန္ဆံုး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ခ႐ိုင္အတြင္း တာခ်ီလိတ္ၿမိဳ႕တြင္ အသံုးျပဳေနသည့္ လွ်ပ္စစ္မီးအား ထိုင္းႏိုင္ငံမွ ရယူအသံုးျပဳေနျခင္းျဖစ္ၿပီး က်ဳိင္းလပ္ႏွင့္ တာေလၿမိဳ႕တို႔မွာ လာအိုႏိုင္ငံက လွ်ပ္စစ္မီးအား ရယူ သံုးစြဲေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် ဇွန်လ(၂၂)ရက်နေ့၌ နံနက်(၉)နာရီကစ၍ ညနေ(၄)နာရီအထိ လျှပ်စစ်မီး ပြတ်တောက်မည်
************
မြန်မာ - လာအိုနယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့ အပါအဝင် တာလေမြို့တို့တွင် လျှပ်စစ်မီးကြိုး မီးတိုင်များဖြင့် မလွတ်ကင်းသည့် သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် လျှပ်စစ်မီး နေ့ပိုင်း ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

  ဇွန်လ(၂၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ အဆိုပါ မြို့(၂)မြို့အား လျှပ်စစ်မီးဖြတ်တောက်ကာ လုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့တွင် အသုံးပြုနေသည့် လျှပ်စစ်မီးအား ထိုင်းနိုင်ငံမှ ရယူအသုံးပြုနေခြင်းဖြစ်ပြီး ကျိုင်းလပ်နှင့် တာလေမြို့တို့မှာ လာအိုနိုင်ငံက လျှပ်စစ်မီးအား ရယူ သုံးစွဲနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net