တာခ်ီလိတ္ၿမိဳ႕တြင္း အလြတ္ေကြ႕ေၾကာတိုးခ်ဲ႕မည့္ေနရာတြင္ လမ္းဧရိယာႏွင့္မလြတ္သည့္ သစ္ပင္၊ သစ္ကိုင္းမ်ား ဖယ္ရွားရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕တြင္း အလြတ္ေကြ႕ေၾကာတိုးခ်ဲ႕မည့္ေနရာတြင္ လမ္းဧရိယာႏွင့္မလြတ္သည့္ သစ္ပင္၊ သစ္ကိုင္းမ်ား ဖယ္ရွားရွင္းလင္း
စက်တင်ဘာ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း ယာဥ္အႏၱရာယ္ ကင္းရွင္းေရးႏွင့္ ယာဥ္ေၾကာက်ပ္တည္းမႈ ေလ်ာ့ခ်ႏိုင္ေရးအတြက္ လမ္းတိုးခ်ဲ႕မႈမ်ား အလြတ္လမ္းေကြ႕ေၾကာမ်ား တို႔ခ်ဲ႕မႈ ေဆာင္ရြက္မည္ျဖစ္ရာ လမ္းဧရိယာႏွင့္ မလြတ္သည့္ သစ္ပင္၊ သစ္ကိုင္းမ်ားကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ (၅) ရက္ေန႔က စတင္ဖယ္ရွားေနၿပီျဖစ္သည္။

"ပါလွ်ံလမ္းဆံုမီးပြိဳင့္ဆိုတာက ကၽြန္ေတာ္တို႔ တာခ်ီလိတ္မွာ ယာဥ္ေၾကာက်ပ္တည္းမႈေတြနဲ႔ အၿမဲတမ္း ရင္ဆိုင္ႀကံဳေတြ႕ေနရတာ။ ဒါေလးကို ေျဖရွင္းခ်င္တဲ့အတြက္ ပါလွ်ံလမ္းဆံုကို တိုးခ်ဲ႕တာေပါ့။ Free လမ္းေၾကာေတြေပးခ်င္တဲ့အတြက္ တစ္ဖက္ကို (၁၀) ေပေလာက္စီ တိုးခ်ဲ႕မယ္။  ဒီလိုတိုးခ်ဲ႕လိုက္ရင္ ျပည္သူလည္း အက်ိဳးရိွမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သစ္ပင္သစ္ကိုင္းမ်ား ရွင္းလင္းေရးလုပ္ေဆာင္ရာတြင္ လမ္းသြားလမ္းလာမ်ား အႏၱရာယ္ကင္းရွင္းေရးကို ယာဥ္ထိန္းရဲတပ္ဖြဲ႕က တာဝန္ယူေဆာင္ရြက္ေပးသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမ်ား တိုးခ်ဲ႕ျခင္းအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ရန္ပံုေငြမွလည္း ရရိွမည္ျဖစ္ၿပီး ၿမိဳ႕တြင္း အလြတ္ေကြ႔ေၾကာ (Free Lane)မ်ားအျဖစ္ မယ္ယန္းဘက္မွ ၿမိဳ႕အဝင္ ေဟာင္လိတ္လမ္းဆံုဘက္ ယာဥ္ေၾကာ၊ တာခ်ီလိတ္ၿမိဳ႕တြင္းမွ ေလယာဥ္ကြင္းဘက္ ယာဥ္ေၾကာ၊ ပါလွ်ံမီးပိြဳင့္မွ ပါလွ်ံတရုတ္ဘံုေက်ာင္း ဘက္ယာဥ္ေၾကာ၊ ၿမိဳ႕တြင္းမွ ပါလွ်ံတရုတ္ဘံုေက်ာင္းဘက္သြားရာလမ္း ယာဥ္ေၾကာ၊ ေဟာင္လိတ္ဘက္မွ ၿမိဳ႕တြင္းဘက္ယာဥ္ေၾကာတုိ႔အား အလြတ္ေကြ႔ေၾကာ (Free Lane) မ်ား သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့ချနိုင်ရေးအတွက် လမ်းတိုးချဲ့မှုများ အလွတ်လမ်းကွေ့ကြောများ တို့ချဲ့မှု ဆောင်ရွက်မည်ဖြစ်ရာ လမ်းဧရိယာနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့က စတင်ဖယ်ရှားနပြေီဖြစ်သည်။

"ပါလျှံလမ်းဆုံမီးပွိုင့်ဆိုတာက ကျွန်တော်တို့ တာချီလိတ်မှာ ယာဉ်ကြောကျပ်တည်းမှုတွေနဲ့ အမြဲတမ်း ရင်ဆိုင်ကြုံတွေ့နေရတာ။ ဒါလေးကို ဖြေရှင်းချင်တဲ့အတွက် ပါလျှံလမ်းဆုံကို တိုးချဲ့တာပေါ့။ Free လမ်းကြောတွေပေးချင်တဲ့အတွက် တစ်ဖက်ကို (၁၀) ပေလောက်စီ တိုးချဲ့မယ်။ ဒီလိုတိုးချဲ့လိုက်ရင် ပြည်သူလည်း အကျိုးရှိမယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်ပင်သစ်ကိုင်းများ ရှင်းလင်းရေးလုပ်ဆောင်ရာတွင် လမ်းသွားလမ်းလာများ အန္တရာယ်ကင်းရှင်းရေးကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင်း လမ်းများ တိုးချဲ့ခြင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှလည်း ရရှိမည်ဖြစ်ပြီး မြို့တွင်း အလွတ်ကွေ့ကြော (Free Lane)များအဖြစ် မယ်ယန်းဘက်မှ မြို့အဝင် ဟောင်လိတ်လမ်းဆုံဘက် ယာဉ်ကြော၊ တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းဘက် ယာဉ်ကြော၊ ပါလျှံမီးပွိုင့်မှ ပါလျှံတရုတ်ဘုံကျောင်း ဘက်ယာဉ်ကြော၊ မြို့တွင်းမှ ပါလျှံတရုတ်ဘုံကျောင်းဘက်သွားရာလမ်း ယာဉ်ကြော၊ ဟောင်လိတ်ဘက်မှ မြို့တွင်းဘက်ယာဉ်ကြောတို့အား အလွတ်ကွေ့ကြော (Free Lane) များ သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net