ရှမ်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသ မိုင်းယုတွင် ဒေသအခြေအနေ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသ မိုင်းယုတွင် ဒေသအခြေအနေ ကွင်းဆင်းစစ်ဆေး
ဒီဇင်ဘာ 30, 2019
By 🌸

ရှမ်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသ မိုင်းယုတွင် ဒေသအခြေအနေ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၏အခြေအနေကို ကွင်းဆင်းစစ်ဆေးနေသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ဒေသတာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။

မိုင်းယုမြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် မြို့အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ မိုင်းယုမြို့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိုဖများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မိုင်းယုမြို့၏ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မိုင်းယု-ကျိန်းယဲန်းတံတား တည်ဆောက်ထားမှု အခြေအနေ၊ ကုန်စည်ဖြတ်သန်းစီးဆင်းမှု အခြေအနေနှင့် ယင်းတံတားအနီး နမ့်လွေချောင်းဘေး တစ်လျှောက်တွင် အဆောက်အဦများနှင့် ချောင်းရေတိုက်စားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြခြင်းဖြစ်သည်။

ယင်းနောက် မိုင်းယုမြို့တွင် မြန်မာဖောင်ဒါ ကုမ္ပဏီလီမိတက်က  ၃ ဒဿမ ၂၃ ဧကပေါ်၌ အကောင်အထည် ဖေါ်မည့် ပုဂ္ဂလိကကားကြီးကွင်းနှင့် ၁ ဒဿမ ၃၀ ဧကပေါ်၌ အကောင်အထည်ဖေါ်မည့် ပုဂ္ဂလိကဈေးတို့၏ တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - လင်းလတ် (မိုင်းယု)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~