မိုင်းယောင်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များ အခမဲ့ဖြန့်ဖြူး

မိုင်းယောင်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ရေးကာလအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များ အခမဲ့ဖြန့်ဖြူး
ဧပြီ 13, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်တွင် ကူးစက်မြန် covid-19 ကာကွယ်ရေးကာလအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များ အခမဲ့ဖြန့်ဖြူး 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားရမည့်ကာလအတွင်း နေအိမ်တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပျိုးပင်များ အခမဲ့ရယူနိုင်ကြောင်း သိရသည်။

နေအိမ်တွင် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် ဈေးတွင် လူစုလူဝေးဖြစ်ခြင်းအား လျှော့ချနိုင်ရန် ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့များအား မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပေးဝေမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်သီးနှံများအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် အခမဲ့ဝေမျှပေးခဲ့ကြောင်း သိရသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများအနေဖြင့် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ HOME GARDEN တွင် ပျိုးထောင်ထားသည့် ခရမ်းချဉ်သီး၊ ခရမ်းသီး(အရှည်/အလုံးကြီး)၊ ငရုပ်၊ နံနံ၊ မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်ပျိုးပင်များကို အခမဲ့တောင်းယူနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -စိုင်းအောင်ဇော်လင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~