နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ (၇၈) ဦးတွင် တာချီလိတ်မှ (၁၁)ဦး ပါဝင်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ (၇၈) ဦးတွင် တာချီလိတ်မှ (၁၁)ဦး ပါဝင်
ဧပွီ 17, 2019
By Tachileik News Agency


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၆) ဦး၊ တာချီလိတ်မြို့မှ အမျိုးသား (၁၁) ဦး၊ တာလေမြို့မှ အမျိုးသား (၁) ဦး၊ မိုင်းယောင်းမြို့မှ အမျိုးသား (၂) ဦး၊  ကျိုင်းလပ်မြို့မှ အမျိုးသား (၁) ဦး စုစုပေါင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၅၉)ဦး ပါဝင်ကြောင်း သိရသည်။

အခြားတိုင်းနှင့်ပြည်နယ်များအနေဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ လွှတ်မြောက်သူများတွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့မှ အမျိုးသား (၁) ဦး၊ လယ်ဝေးမြို့မှ အမျိုးသား (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အမျိုးသား (၂) ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား (၁) ဦး၊ လက်ပံတန်းမြို့မှ အမျိုးသား (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့မှ အမျိုးသား (၁) ဦး၊ ကျောက်တန်းမြို့မှ အမျိုးသား (၁) ဦး၊ တောင်ဥက္ကလာပ မြို့နယ်မှ အမျိုးသား (၁) ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှ အမျိုးသား (၁) ဦး၊ ကျိုင်းလတ်မြို့မှ အမျိုးသား (၁) ဦး၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မှ အမျိုးသား (၁) ဦး၊ စကုမြို့မှ အမျိုးသား (၁) ဦး နှင့် သရက်မြို့မှ အမျိုးသား (၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ အမျိုးသား (၁) ဦး၊ ကချင်ပြည်နယ် ကာမိုင်းမြို့မှ အမျိုးသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။




Tachileik News Agency


 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်မှ ၂၀၁၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား (၇၈) ဦးအနက် တာချီလိတ်မှ (၁၁)ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၆) ဦး၊ တာချီလိတ်မြို့မှ အမျိုးသား (၁၁) ဦး၊ တာလမြေို့မှ အမျိုးသား (၁) ဦး၊ မိုင်းယောင်းမြို့မှ အမျိုးသား (၂) ဦး၊ ကျိုင်းလပ်မြို့မှ အမျိုးသား (၁) ဦး စုစုပေါင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၅၉)ဦး ပါဝင်ကြောင်း သိရသည်။

အခြားတိုင်းနှင့်ပြည်နယ်များအနဖြေင့် ကျိုင်းတုံအကျဉ်းထောင်မှ လွှတ်မြောက်သူများတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့မှ အမျိုးသား (၁) ဦး၊ လယေ်ဝးမြို့မှ အမျိုးသား (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အမျိုးသား (၂) ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား (၁) ဦး၊ လက်ပံတန်းမြို့မှ အမျိုးသား (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့မှ အမျိုးသား (၁) ဦး၊ ကျောက်တန်းမြို့မှ အမျိုးသား (၁) ဦး၊ တောင်ဥက္ကလာပ မြို့နယ်မှ အမျိုးသား (၁) ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှ အမျိုးသား (၁) ဦး၊ ကျိုင်းလတ်မြို့မှ အမျိုးသား (၁) ဦး၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မှ အမျိုးသား (၁) ဦး၊ စကုမြို့မှ အမျိုးသား (၁) ဦး နှင့် သရက်မြို့မှ အမျိုးသား (၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ အမျိုးသား (၁) ဦး၊ ကချင်ပြည်နယ် ကာမိုင်းမြို့မှ အမျိုးသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ထိုင်နိုင်ငံသား (၂) ဦးနှင့် တရုတ်နိုင်ငံသား (၁) ဦး တို့လည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ပါဝင်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများအတွက် အကျဉ်းဦးစီးဌာနမှ လမ်းစရိတ်၊ စားစရိတ်ထောက်ပံ့ပေးခဲ့ပြီး ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူးမှ ငွေကျပ် (၃၅၀,ဝဝဝ)၊ ကျိုင်းတုံခရစ်ယာန်အသင်းပေါင်းစုံ အကျဉ်းထောင်မိတ်သဟာရအဖွဲ့မှကျပ် (၅) သိန်း၊ လမ်းဦးစီးဌာနမှကျပ် (၁၅၀,ဝဝဝ)၊ ကျိုင်းတုံလူမှုကူညီစောင့်ရှောက်ရေးအသင်းမှကျပ် (၁) သိန်း၊ မော်တော်ယာဉ်ထိမ်းသိမ်းရေးစောင့်ရှောက်ရေးအသင်းမှ တာချီလိတ်၊ တောင်ကြီးသွားရန်အတွက် ကားစီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉,၅၅၁)ဦးကို ခံစားခွင့်ပြုလိုက်ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ အကျဉ်းထောင် (၂)ခုဖြစ်သည့် မိုင်းဆတ်အကျဉ်းထောင်မှ (၄၉)ဦး နှင့် ကျိုင်းတုံအကျဉ်းထောင်မှ (၇၈)ဦးတို့ပါဝင်ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net