လားရှိုးမြို့တွင် ကျပ်သိန်းပေါင်း (၃၄,၅၀၀)ကျော် လိမ်လည်သွားသူကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း၌ ဖမ်းဆီးရမိ၍ တာချီလိတ်သို့ လွှဲပြောင်းလာ

လားရှိုးမြို့တွင် ကျပ်သိန်းပေါင်း (၃၄,၅၀၀)ကျော် လိမ်လည်သွားသူကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း၌ ဖမ်းဆီးရမိ၍ တာချီလိတ်သို့ လွှဲပြောင်းလာ
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် သိန်း (၃၄,၅၀၀)ကျော်  လိမ်လည်ရယူကာ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်သူ မျိုးဇော်ထက် (ခ) တော်ကီ အား  မြန်မာ - ထိုင်း နှစ်နိုင်ငံ BCATIP   ( Border  Co –Operation  On  Anti Trafficking In  Person ) အဖွဲ့ဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ၍ မြန်မာနိုင်ငံ တာချီလိတ်သို့ ဇန်န၀ါရီလ(၆)ရက်နေ့တွင် ပြန်လည် လွှဲပြောင်းပေးလာကြောင်း သိရသည်။



 အဆိုပါ တရားခံပြေးမှာ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ရောက်ရှိနေသည့် အတွက် ကူညီစုံစမ်း ရှာဖွေပေးရန် လားရှိုးမြို့မရဲစခန်းနှင့် နယ်ထိန်းခေါင်းဆောင်တို့မှ အကူညီတောင်းခံချက်အရ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် BCATIP အဖွဲ့ဝင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူးနှင့် ချိတ်ဆက် စုံစမ်းခဲ့ရာ ဇန်န၀ါရီလ (၁၈)ရက်နေ့က တရားခံသည် မယ်ဆိုင်မြို့တွင် ညအိပ်ခဲ့ပြီး ဘန်ကောက်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သတင်းအတည်ပြုရရှိခဲ့ရာမှ ရရှိထားသော သတင်းအား အခြေပြုကာ မယ်ဆိုင်မြို့ ခရိုင်လ၀ကမှူး၏ ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့ RTP ရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး ဆက်လက် စုံစမ်းရှာဖွေခဲ့ရာ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် တရားခံ မျိုးဇော်ထက် (ခ) တော်ကီ နေထိုင်သည့် လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး ယင်းနေ့ ဒေသစံတော်ချိန် ည (၇း၄၈)အချိန်တွင် တရားခံအား ဘန်ကောက်မြို့တွင်  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငွေကျပ် သိန်း (၃၄,၅၀၀)ကျော် လိမ်လည်ရယူကာ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်သူ မျိုးဇော်ထက် (ခ) တော်ကီ အား မြန်မာ - ထိုင်း နှစ်နိုင်ငံ BCATIP အဖွဲ့ဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ၍ မြန်မာနိုင်ငံ တာချီလိတ်သို့ ဇန်နဝါရီလ(၆)ရက်နေ့တွင် ပြန်လည် လွှဲပြောင်းပေးလာကြောင်း သိရသည်။

ဖမ်းဆီးမိသည့် တရားခံအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက် (၁၀)နာရီက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းမသို့ ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လာရောက်လွှဲပြောင်းပေးအပ်ရာ မြန်မာ - ထိုင်း နှစ်နိုင်ငံ BCATIP အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ BCATIP အဖွဲ့ဝင် ချင်းရိုင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး Pol.Col Aekkorn Butsababodin Superinterdent မှ တရားခံအား လွှဲပြောင်းပေးအပ်ရာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း ဦးဆောင်သည့် မြန်မာ BCATIP အဖွဲ့မှ လက်ခံခဲ့ကြောင်း သိရသည်။

“တရားခံကို လားရှိုးကလာ ခေါ်လိမ့်မယ်။ လားရှိုးက အမှုစစ်တွေ၊ စခန်းမှူးတွေ လာခေါ်လိမ့်မယ်။ လက်ရှိကတော့ တာချီလိတ်စခန်းထဲမှာ ထိမ်းသိမ်းထားပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 အဆိုပါ တရားခံပြေးမှာ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ရောက်ရှိနေသည့် အတွက် ကူညီစုံစမ်း ရှာဖွေပေးရန် လားရှိုးမြို့မရဲစခန်းနှင့် နယ်ထိန်းခေါင်းဆောင်တို့မှ အကူညီတောင်းခံချက်အရ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် BCATIP အဖွဲ့ဝင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူးနှင့် ချိတ်ဆက် စုံစမ်းခဲ့ရာ ဇန်နဝါရီလ (၁၈)ရက်နေ့က တရားခံသည် မယ်ဆိုင်မြို့တွင် ညအိပ်ခဲ့ပြီး ဘန်ကောက်မြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သတင်းအတည်ပြုရရှိခဲ့ရာမှ ရရှိထားသော သတင်းအား အခြပြေုကာ မယ်ဆိုင်မြို့ ခရိုင်လဝကမှူး၏ ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့ RTP ရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး ဆက်လက် စုံစမ်းရှာဖွေခဲ့ရာ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် တရားခံ မျိုးဇော်ထက် (ခ) တော်ကီ နေထိုင်သည့် လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး ယင်းနေ့ ဒေသစံတော်ချိန် ည (ရး၄၈)အချိန်တွင် တရားခံအား ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေကျပ် သိန်း (၃၄,၅၀၀)ကျော်အား လိမ်လည်ရယူ လိမ်လည်မှုဖြင့် မျိုးဇော်ကို(ခ)တော်ကီအား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၁၀/၂၀၁၉၊ (ပ)၁၂/၂၀၁၉၊ (ပ)၁၃/၂၀၁၉ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ ဖြင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၇)နှင့်(၁၈)ရက်နေ့များက အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~