ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနား ညီနောင်မဟာမိတ်များတက်ရောက်

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနား ညီနောင်မဟာမိတ်များတက်ရောက်

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့က ပြုလုပ်ခဲ့ရာ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စစ်ဦးစီးချုပ် ဖုန်တာရွှင်နှင့်အတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ခဲ့သည်။ 

“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တို့ရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ”ဟု  PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မိန့်ခွန်းတက်ရောက်ပြောသည်။

 

ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလတွင် PSLF/TNLA တပ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်နှင့် ဝန်းရံတိုက်ပွဲဝင်နိုင်ခြင်းသည် မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ရန် မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိသည့် ခံယူချက်၊ ယုံကြည်ချက်ဖြင့် မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း ပြောသည်ဟု သိရသည်။၏

#TachileikNewsAgency