ေက်ာက္မဲတြင္ ေျမဆီအိတ္တင္သည့္ ယာဥ္ႏွင့္ ခရီးသည္တင္ ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အမ်ိဳးသား(၄)ဦး ဒဏ္ရာျပင္းထန္စြာရရိွ

ေက်ာက္မဲတြင္ ေျမဆီအိတ္တင္သည့္ ယာဥ္ႏွင့္ ခရီးသည္တင္ ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ အမ်ိဳးသား(၄)ဦး ဒဏ္ရာျပင္းထန္စြာရရိွ
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးႏွင့္ ေက်ာက္မဲၿမိဳ႕အဝင္ ရန္ကင္းလမ္းဆံုတြင္ ဒီဇင္ဘာလ (၈)ရက္ေန႔ နံနက္ (၄)နာရီခြဲဝန္းက်င္က ေျမဆီအိတ္တင္လာသည့္ (၁၂) ဘီး ယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္ငယ္တစ္စီးတုိ႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိသျဖင့္ အမ်ိဳးသား (၄)ဦး ဒဏ္ရာျပင္းထန္စြာ ရသြားေၾကာင္း သိရသည္။

သီေပါဘက္မွ ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္နွင့္ ေနာင္ခ်ိဳဘက္မွ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ ယာဥ္ငယ္တို႔ တိုက္မိသျဖင့္ ခရီးသည္တင္ ယာဥ္ေပၚပါ အမ်ိဳးသား (၄)ဦးဒဏ္ရာရသြားသျဖင့္ ေက်ာက္မဲျပည္သူ႔ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရာ ဒဏ္ရာျပင္းထန္သည့္ အမ်ိဳးသား (၃)ဦးကို ေက်ာက္မဲျပည္သူ႔ ေဆးရံုမွတစ္ဆင့္ မႏၱေလး ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

"ခရီးသည္တင္ ယာဥ္ေပၚမွာပါတဲ့ အမ်ိဳးသား (၄) ဦး ဒဏ္ရာေတြရတယ္။ (၃)ဦးက စိုးရိမ္ရတဲ့အေျခအေန ျဖစ္တဲ့အတြက္ လူမႈကူညီေရးအသင္း (၃) ခုက မႏၱေလးျပည္သူ႔ေဆးရံုကို မနက္ (၉) နာရီေလာက္မွာ သြားပို႔ေနပါတယ္။ က်န္တစ္ဦးကေတာ့ ေက်ာက္မဲျပည္သူ႔ေဆးရံုမွာ ေသြးသြင္းေနရတယ္" ဟု ဇီဝိတလူမႈ ကူညီေရးအသင္း (ေက်ာက္မဲ)မွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလးျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္းေပးထားသည့္ လူနာ(၃)ဦးကို အျဖဴေရာင္ ႏွလံုးသားလူမႈ ကူညီေရးအသင္း၊ ဇီဝိတလူမႈကူညီေရးအသင္း(ေက်ာက္မဲ)ႏွင့္ အစၥလာမ္လူမႈကူညီေရး အသင္းတို႔က ပို႔ေဆာင္ေပးေနေၾကာင္း သိရၿပီး အခင္းျဖစ္ေနရာကို ရဲတပ္ဖြဲ႕က စစ္ေဆးၿပီး အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ကိုေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မဲမြို့အဝင် ရန်ကင်းလမ်းဆုံတွင် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၄)နာရီခွဲဝန်းကျင်က မြေဆီအိတ်တင်လာသည့် (၁၂) ဘီး ယာဉ်နှင့် ခရီးသည်တင်ယာဉ်ငယ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် အမျိုးသား (၄)ဦး ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။

သီပေါဘက်မှ မောင်းနှင်လာသည့် ကုန်တင်ယာဉ်နှင့် နောင်ချိုဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်ငယ်တို့ တိုက်မိသဖြင့် ခရီးသည်တင် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦးဒဏ်ရာရသွားသဖြင့် ကျောက်မဲပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်သည့် အမျိုးသား (၃)ဦးကို ကျောက်မဲပြည်သူ့ ဆေးရုံမှတစ်ဆင့် မန္တလေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

"ခရီးသည်တင် ယာဉ်ပေါ်မှာပါတဲ့ အမျိုးသား (၄) ဦး ဒဏ်ရာတွေရတယ်။ (၃)ဦးက စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တဲ့အတွက် လူမှုကူညီရေးအသင်း (၃) ခုက မန္တလေးပြည်သူ့ဆေးရုံကို မနက် (၉) နာရီလောက်မှာ သွားပို့နေပါတယ်။ ကျန်တစ်ဦးကတော့ ကျောက်မဲပြည်သူ့ဆေးရုံမှာ သွေးသွင်းနေရတယ်" ဟု ဇီဝိတလူမှု ကူညီရေးအသင်း (ကျောက်မဲ)မှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးထားသည့် လူနာ(၃)ဦးကို အဖြူရောင် နှလုံးသားလူမှု ကူညီရေးအသင်း၊ ဇီဝိတလူမှုကူညီရေးအသင်း(ကျောက်မဲ)နှင့် အစ္စလာမ်လူမှုကူညီရေး အသင်းတို့က ပို့ဆောင်ပေးနေကြောင်း သိရပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~