ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႕တုိ႔ က်ိဳင္းတံုတြင္ ေဆြးေႏြးေနခ်ိန္တြင္ ရွမ္းေျမာက္၌ တုိက္ပြဲျဖစ္ပြားေန

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ မဟာမိတ္ (၄)ဖြဲ႕တုိ႔ က်ိဳင္းတံုတြင္ ေဆြးေႏြးေနခ်ိန္တြင္ ရွမ္းေျမာက္၌ တုိက္ပြဲျဖစ္ပြားေန
သြဂုတ် 31, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္ မဟာမိတ္ (၄)ဖြဲ႕တုိ႔မွ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔ နံနက္(၁၀)နာရီကစ၍   တံခါးပိတ္  ေဆြးေႏြးပြဲျပဳလုပ္ေနခ်ိန္၌ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕အနီးတြင္ ပစ္ခတ္မႈမ်ားလည္း ျဖစ္ပြားေနေၾကာင္း သိရသည္။

ကြတ္ခိုင္ ႏွင့္ နမ့္ဖတ္ကာလမ္း၊ ရင္ခြဲေတာင္ ႏွင့္ နမ့္ဖတ္ကာၾကားတြင္ လက္နက္ကိုင္အဖြဲ႔မွ လမ္းမ်ားပိတ္ထားေၾကာင္းႏွင့္ ပစ္ခတ္မႈမ်ား ျဖစ္ပြားေန၍ ကြတ္ခိုင္ၿမိဳ႕တြင္ ေစ်းမ်ားႏွင့္ေက်ာင္းမ်ား ပိတ္ထားရေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားမွ ထိတ္လန္႔မႈမ်ားျဖင့္ ေနေနရေၾကာင္း သိရသည္.

က်ဳိင္းတံုတြင္ ျပဳလုပ္ေနသည့္ ဆြးေႏြးပြဲသို႔ အစိုးရဘက္မွ ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး ၊ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕မွ ဒုဥကၠဌ ဦးသိန္းေဇာ္၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ခင္ေဇာ္ဦး၊  ရွမ္းျပည္နယ္ လံုၿခံုေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးလွဦး၊  ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္တို႔ဦးေဆာင္သည့္အဖြဲ႕တုိ႔ တက္ေရာက္ၾကသည္ကို ေတြ႔ရသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားဘက္မွ MNTJP/ MNDAA ဒု စစ္ဦးစီးခ်ဳပ္ ဦးရန္ဝင္က်ံဳး၊ ဆက္ဆံေရးဌာန ဌာနမွဴး ကိုဖုန္႔ဝင့္ႏုိင္၊ ဆက္ဆံေရးဌာနရံုးတာဝႏ္ခံ ကိုလီၾကားခြမ္း၊ ဘာသာျပန္ ကိုရန္ႏိုင္၊ ျပန္ၾကားေရးဌာန ကိုက်ဴးၾကားလဲ့၊ ေလ့လာသူမ်ားအျဖစ္ ကိုလီၾကားေဖး၊ ကိုရန္က်င့္ဟုန္၊ ကိုေက်ာ္ျမႏွင့္ ကိုအားမင္း၊ PSLF/TNLA အဖြဲ႕မွ ဒုတိယဥကၠဌ တာခလန္း၊ မဟာမိတ္ဌာနအဖြဲ႕ဝင္ တာအုိက္ထြန္းႏွင့္ ရံုးဝန္ထမ္း Mai Sol Myiam၊ ULA/AA အဖြဲ႕မွ ဒုစစ္ဦးစီးခ်ဳပ္ ညိဳထြန္းေအာင္၊ အတြင္းေရးမွဴး(ပ) ဦးေက်ာ္ဟန္၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ ထုန္ဆိုင္း၊ အလုပ္ဝန္ထမ္း ခင္လင္းေရႊႏွင့္ ဦးဝင္းလိုင္၊ KIO/KIA မွ ဗဟိုအတြင္းေရးမွဴး ထင္နန္၊ KIC အတြင္းေရးမွဴး ေဇာ္ေဇာ့၊ KIA ဒုညိႇႏိႈင္းကြပ္ကဲေရးမွဴးခ်ဳပ္ ခြမ္လြန္ႏွင့္ ညိႇႏိႈင္းကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္တြန္း တို႔ တက္ေရာက္ၾကသည္။

အဆိုပါေဆြးေႏြးပြဲသို႔ သတင္းမီဒီယာမ်ားမွ သတင္းေထာက္ စုစုေပါင္း (၂၆)ဦး တက္ေရာက္သတင္းရယူေနၾကျခင္းျဖစ္သည္။

လက္ရိွ လာေရာက္ေဆြးေႏြးေနသည့္ မဟာမိတ္(၄)ဖြဲ႕ထဲမွ AA၊ TNLA ႏွင့္  MNDAA တို႔က ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

 Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် (၄)ဖွဲ့တို့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီကစ၍ တံခါးပိတ် ဆွေးနွေးပွဲပြုလုပ်နေချိန်၌ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတွင် ပစ်ခတ်မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ကွတ်ခိုင် နှင့် နမ့်ဖတ်ကာလမ်း၊ ရင်ခွဲတောင် နှင့် နမ့်ဖတ်ကာကြားတွင် လက်နက်ကိုင်အဖွဲ့မှ လမ်းများပိတ်ထားကြောင်းနှင့် ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ကွတ်ခိုင်မြို့တွင် ဈေးများနှင့်ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများမှ ထိတ်လန့်မှုများဖြင့် နေနေရကြောင်း သိရသည်.

ကျိုင်းတုံတွင် ပြုလုပ်နေသည့် ဆွးနွေးပွဲသို့ အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ ဒုဥက္ကဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ကြသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ MNTJP/ MNDAA ဒု စစ်ဦးစီးချုပ် ဦးရန်ဝင်ကျုံး၊ ဆက်ဆံရေးဌာန ဌာနမှူး ကိုဖုန့်ဝင့်နိုင်၊ ဆက်ဆံရေးဌာနရုံးတာဝန်ခံ ကိုလီကြားခွမ်း၊ ဘာသာပြန် ကိုရန်နိုင်၊ ပြန်ကြားရေးဌာန ကိုကျူးကြားလဲ့၊ လေ့လာသူများအဖြစ် ကိုလီကြားဖေး၊ ကိုရန်ကျင့်ဟုန်၊ ကိုကျော်မြနှင့် ကိုအားမင်း၊ PSLF/TNLA အဖွဲ့မှ ဒုတိယဥက္ကဌ တာခလန်း၊ မဟာမိတ်ဌာနအဖွဲ့ဝင် တာအိုက်ထွန်းနှင့် ရုံးဝန်ထမ်း Mai Sol Myiam၊ ULA/AA အဖွဲ့မှ ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၊ အတွင်းရေးမှူး(ပ) ဦးကျော်ဟန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထုန်ဆိုင်း၊ အလုပ်ဝန်ထမ်း ခင်လင်းရွှေနှင့် ဦးဝင်းလိုင်၊ KIO/KIA မှ ဗဟိုအတွင်းရေးမှူး ထင်နန်၊ KIC အတွင်းရေးမှူး ဇော်ဇော့၊ KIA ဒုညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ခွမ်လွန်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇော်တွန်း တို့ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ သတင်းမီဒီယာများမှ သတင်းထောက် စုစုပေါင်း (၂၆)ဦး တက်ရောက်သတင်းရယူနကြခြေင်းဖြစ်သည်။

လက်ရှိ လာရောက်ဆွေးနွေးနေသည့် မဟာမိတ်(၄)ဖွဲ့ထဲမှ AA၊ TNLA နှင့် MNDAA တို့က ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net