ကယားျပည္နယ္ ရွားေတာၿမိဳ႕၏ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းကို ၂၀၁၉ တြင္ အတည္ျပဳဖြယ္ရိွၿပီး ၿမိဳ႕တြင္းမွ သုႆန္မ်ား ေရႊ႕ေျပာင္းေရး အလြတ္သေဘာေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေန

ကယားျပည္နယ္ ရွားေတာၿမိဳ႕၏ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းကို ၂၀၁၉ တြင္ အတည္ျပဳဖြယ္ရိွၿပီး ၿမိဳ႕တြင္းမွ သုႆန္မ်ား ေရႊ႕ေျပာင္းေရး အလြတ္သေဘာေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေန
ဒီဇင်ဘာ 2, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ရွားေတာၿမိဳ႕၏  ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္း(Town Plan)ကို ၂၀၁၉ ခုႏွစ္တြင္ အတည္ျပဳႏုိင္မည္ဟု ခန္႔မွန္းထားၿပီး အဆိုပါၿမိဳ႕ျပဖြံ႕ၿဖိဳးေရး စီမံကိန္းအရ ၿမိဳ႕ထဲမွ သုႆန္မ်ား ေရႊ႕ေျပာင္းေရးအတြက္ အလြတ္သေဘာေဆြးေႏြးမႈမ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက လုပ္ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းအရ ရွားေတာၿမိဳ႕၏ ၿမိဳ႕မေစ်းတည္ေဆာက္ေရးလည္းပါဝင္ၿပီး ၿမိဳ႕ထဲေရာက္ေနသည့္ သုႆန္ေနရာမ်ားကိုလည္း ေရႊ႕ရန္လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီမွာတစ္ခုဆိုးတာက သခ်ဳႋင္းေတြက အကုန္ၿမိဳ႕ထဲမွာ ျဖစ္ေနတယ္။ ေဒသခံ သခ်ဳႋင္းရယ္၊ ဗုဒၶဘာသာ ဘုန္းႀကီးသခ်ဳႋင္း ၿပီးေတာ့ ခရစ္ယာန္သခ်ဳႋင္းေတြ ေနာက္တစ္ျခားေနရာကလာၿပီး ေဆးရုံမွာ ဆုံးၾကတဲ့သူေတြကို ၿမဳပ္တဲ့သခ်ဳႋင္းေတြ အကုန္ၿမိဳ႕ထဲမွာျဖစ္ေနတယ္။ အကုန္လုံးကို ၿမိဳ႕အျပင္ဖက္မွာ ေရြ႕ေျပာင္းဖို႔ ကိစၥကို လိုက္ေဆြးေႏြးေနရတယ္။ ေတာ္ေတာ္မ်ားမ်ားက သေဘာတူေပမဲ့ တစ္ခ်ိဳ႕ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ သူတို႔ဒကာေတြလို႔ ေျပာရမလား။ သူတို႔က သိပ္လက္မခံခ်င္ေသးဘူးေပါ့“ ဟု ရွားေတာၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရပ္ကြက္ (၄)ခု၊ ေက်းရြာအုပ္စု (၃)ခု၊ ေက်းရြာ (၂ဝ)ရိွသည့္ ရွားေတာၿမိဳ႕နယ္တြင္ အိမ္ေျခ (၁,၂၇ဝ)၌ အိမ္ေထာင္စု (၁,၃၈၉) စု၊ လူဦးေရ (၇,ဝဝဝ ) ခန္႔ရိွေသာ္လည္း ၿမိဳ႕မေစ်းမရိွေသးဘဲ (၅)ရက္ေစ်းသာ ရိွေနသျဖင့္ ၿမိဳ႕ျပေဖၚေဆာင္ေရးအတြက္ ၿမိဳ႕မေစ်းမ်ား၊ အေဝးေျပးကားဝင္းမ်ား တည္ေဆာက္ေရးႏွင့္ အနီးဝန္းက်င္ ေက်းရြာမ်ားအား ၿမိဳ႕ေပၚရပ္ကြက္မ်ားအျဖစ္ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ျပႏွင့္ အိမ္ယာဖြံ႕ၿဖိဳးေရး ဦးစီးဌာနသို႔ ၂၀၁၇ ခုႏွစ္က ေရးဆြဲတင္ျပထားသည့္  Town Plan တြင္ ေစ်းတည္ေဆာက္ရန္ေနရာအား ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ား ျမဳပ္ႏွံရာသုႆန္ေနရာတြင္ တည္ေဆာက္ရန္ ေဒသခံမ်ားက အဆိုျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ရှားတောမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Plan)ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုနိုင်မည်ဟု ခန့်မှန်းထားပြီး အဆိုပါမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအရ မြို့ထဲမှ သုဿန်များ ရွှေ့ပြောင်းရေးအတွက် အလွတ်သဘောဆွေးနွေးမှုများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက လုပ်ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအရ ရှားတောမြို့၏ မြို့မဈေးတည်ဆောက်ရေးလည်းပါဝင်ပြီး မြို့ထဲရောက်နေသည့် သုဿန်နေရာများကိုလည်း ရွှေ့ရန်လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။

"ဒီမှာတစ်ခုဆိုးတာက သင်္ချိုင်းတွေက အကုန်မြို့ထဲမှာ ဖြစ်နေတယ်။ ဒေသခံ သင်္ချိုင်းရယ်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးသင်္ချိုင်း ပြီးတော့ ခရစ်ယာန်သင်္ချိုင်းတွေ နောက်တစ်ခြားနေရာကလာပြီး ဆေးရုံမှာ ဆုံးကြတဲ့သူတွေကို မြုပ်တဲ့သင်္ချိုင်းတွေ အကုန်မြို့ထဲမှာဖြစ်နေတယ်။ အကုန်လုံးကို မြို့အပြင်ဖက်မှာ ရွေ့ပြောင်းဖို့ ကိစ္စကို လိုက်ဆွေးနွေးနေရတယ်။ တော်တော်များများက သဘောတူပေမဲ့ တစ်ချို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ သူတို့ဒကာတွေလို့ ပြောရမလား။ သူတို့က သိပ်လက်မခံချင်သေးဘူးပေါ့“ ဟု ရှားတောမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၃)ခု၊ ကျေးရွာ (၂ဝ)ရှိသည့် ရှားတောမြို့နယ်တွင် အိမ်ခြေ (၁,၂၇ဝ)၌ အိမ်ထောင်စု (၁,၃၈၉) စု၊ လူဦးရေ (၇,ဝဝဝ ) ခန့်ရှိသော်လည်း မြို့မဈေးမရှိသေးဘဲ (၅)ရက်ဈေးသာ ရှိနေသဖြင့် မြို့ပြဖော်ဆောင်ရေးအတွက် မြို့မဈေးများ၊ အဝေးပြေးကားဝင်းများ တည်ဆောက်ရေးနှင့် အနီးဝန်းကျင် ကျေးရွာများအား မြို့ပေါ်ရပ်ကွက်များအဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်က ရေးဆွဲတင်ပြထားသည့် Town Plan တွင် ဈေးတည်ဆောက်ရန်နေရာအား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ မြုပ်နှံရာသုဿန်နေရာတွင် တည်ဆောက်ရန် ဒေသခံများက အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~