လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Covid-19 မရှိကြောင်း ဓါတ်ခွဲအဖြေရထားသည့် စောင့်ကြည့်လူနာ အသည်းခြောက်ရောဂါဖြင့် သေဆုံး

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Covid-19 မရှိကြောင်း ဓါတ်ခွဲအဖြေရထားသည့် စောင့်ကြည့်လူနာ အသည်းခြောက်ရောဂါဖြင့် သေဆုံး
ဧပြီ 12, 2020
By Tachileik News Agency
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Covid-19 မရှိကြောင်း ဓါတ်ခွဲအဖြေရထားသည့် စောင့်ကြည့်လူနာ အသည်းခြောက်ရောဂါဖြင့် သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ (၁၁)ရက်နေ့က သေဆုံးသွားသည့်  COVID-19 စောင့်ကြည့်လူနာမှာ COVID-19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိထားသူဖြစ်သည်ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ကျွန်တော်တို့က ဒီရာသီမှာဖြစ်တဲ့ ဘယ်လိုပဲဖြစ်ဖြစ် ချောင်းဆိုးတယ်၊ မောတယ်၊ ကြပ်တယ်ဆိုရင် သံသယ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် ဆေးရုံမှာတင်ပြီးတော့ ပိုးစစ်တယ်ပေါ့ဗျာ။ တစ်ယောက်မှပိုးမရှိပါဘူး ခုချိန်ထိပေါ့ ။ သေတဲ့လူလည်းရှိပါတယ်။ ပိုးတော့မရှိကြဘူး။ သူတို့ရှိတဲ့ရောဂါနဲ့ပဲပေါ့။ ခုသေသွားတဲ့ တစ်ယောက်က ဘာလို့ သေလဲဆိုရင် နာတာရှည်သူက အသည်းခြောက်တဲ့ရောဂါပါ။ သူကမောလို့ကြပ်လို့ဆိုပြီး ကျွန်တော်တို့က တင်ထားတာပါ။ ပိုးစစ်ပြီးသားပေါ့။ သူကပိုးလည်းမရှိပါဘူး 

ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့အတည်ပြုပြောသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Covid-19 သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ နှစ်ဦးထဲမှ လွိုင်ကော်မြို့ ၊ ဒေါနိုးကူးရပ်ကွက်တွင်နေထိုင်သူ အသက်(၄၆)နှစ်အရွယ် အမျိုးသားမှာ ဆေးကုသမှုခံယူနေစဉ် (၉)ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ (၁၁)ရက်နေ့တွင် အသည်းခြောက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၄)ရက်နေ့ကတည်းက ၎င်းတွင် ပိုးတွေ့ရှိခြင်းမရှိကြောင်း ဓါတ်ခွဲခန်းအဖြေရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်တွင် ဧပြီလ (၁၂)ရက်နေ့အထိ Covid-19 သံသယလူနာ (၃)ဦးရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ သံသယလူနာ(၁)ဦးမှာ ဓါတ်ခွဲခန်းအဖြေအရ ပိုးမတွေ့သူဖြစ်ပြီး ဒီးမော့ဆိုဆေးရုံတွင် သံသယလူနာ အဖြစ် စောင့်ကြည့်ကုသမှု ခံယူနေရသူ နှစ်ဦးမှာ ဓါတ်ခွဲခန်းအဖြေစောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်းသိရသည်။

 Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~