ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ စုစုပေါင်း (၈)ဦးအထိရှိလာ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ စုစုပေါင်း (၈)ဦးအထိရှိလာ
အောက်တိုဘာ 27, 2020
By Tachileik News Agency

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး၍ စုစုပေါင်း (၈)ဦးအထိရှိလာ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ကယားပြည်နယ်တွင် တွေ့ရသည့် အတည်ပြုလူနာ (၈)ဦးရှိသွားပြီဖြစ်သည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ အောက်တိုဘာလ (၁၀)ရက်နေ့က ပြန်ဝင်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦးဖြစ်ပြီး အဆိုပါကုန်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် လွိုင်ကော်မြို့အဝင်မှတစ်ဆင့် ပညာရေးကောလိပ်ရှိ Quarantine Center သို့ quarantine တိုက်ရိုက်ဝင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်နောက်လိုက် လိုက်ပါလာသည့် ကုန်တင်ယာဉ်သည် အောက်တိုဘာလ (၁၀)ရက်နေ့ညပိုင်း၌ လွိုင်ကော်မြို့ ဝါရီကောခူဂိတ်သို့ရောက်ရှိချိန်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က အဆိုပါနေရာ၌ ညအိပ်ရပ်နားခဲ့ကြပြီး အောက်တိုဘာလ (၁၁)ရက်နေ့ နံနက်တွင် ဝါရီကောခူဂိတ်မှတစ်ဆင့် ရွှေလွိုင်ကော် ပရဟိတကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantine သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့(၂) ဦး၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာလ (၁၈)ရက်နေ့က ပထမအကြိမ် စစ်ဆေးရာတွင် ပိုးမတွေ့ရကြောင်း အဖြေရရှိခဲ့သော်လည်း အောက်တိုဘာလ (၂၅)ရက်နေ့၌ ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှ ယာဉ်နောက်လိုက်တွင် ပိုးတွေ့ရသော်လည်း ယာဉ်မောင်းတွင် ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရသည်ဟု သိရသည်။
ကယားပြည်နယ်တွင် အောက်တိုဘာလ (၂၇)ရက်နေ့အထိ အတည်ပြုလူနာ (၈)ဦးအနက် တပ်မတော်မှ တစ်ဦးကို အောင်ပန်းစစ်ဆေးရုံသို့ လွှဲပို့ထားပြီး ကျန် (၇)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~