လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားတစ်ဦးကို Karenni Generation Z Army (KGZ Army)က ကျပ်သိန်း ၃၀ ချီးမြှင့်

Photo: Karenni Generation Z
Photo: Karenni Generation Z
လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားတစ်ဦးကို Karenni Generation Z Army (KGZ Army)က ကျပ်သိန်း ၃၀ ချီးမြှင့်
နိုဝင်ဘာ 10, 2021 | ကယား

အာဏာသိမ်းအဖွဲ့လက်အောက်မှထွက်၍ ပြည်သူနှင့်အတူရပ်တည်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားတစ်ဦးကို Karenni Generation Z Army (KGZ Army)က ချီးမြှင့်ငွေ ကျပ်သိန်း (၃၀)နှင့်အတူ ကြိုဆိုလက်ခံကြောင်း သိရသည်။

"ကျွန်တော်တို့Karenni Generation Z Army (KGZ Army)အနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ၌ရပ်တည်မည့် CDM ရဲနှင့်စစ်သားများအားဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုလျက်ရှိပါသည်။"ဟုလည်း arenni Generation Z Army (KGZ Army)က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြည်သူများလက်မခံသည့် အာဏာသိမ်းမှုအပြီးတွင် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှနေ၍  ပြည်သူ့နှင့်အတူရပ်တည်ကာ CDM လုပ်လာသူအများအပြားရှိလာပြီး ဒေသအလိုက် ပြည်သူ့တော်လှန်ရေးအင်အားစုများ၊ CDM စစ်သား၊ ရဲတပ်ဖွဲ့ဝင်များက ကြိုဆိုလက်ခံမှုများ လုပ်နေကြသည်ကို တွေ့နေရခြင်းဖြစ်သည်။