မယ္စဲ့ၿမိဳ႕နယ္အတြင္း ေျမယာကြက္သစ္ (၁၂၃)ကြက္တြင္ ေဒသခံအိမ္ရာမဲ့မ်ား၊ သစ္ေတာေျမ က်ဴးေက်ာ္ထားသူမ်ားအပါအဝင္ (၆၃)ဦးကို ကနဦးေနရာခ်ထားေပး

မယ္စဲ့ၿမိဳ႕နယ္အတြင္း ေျမယာကြက္သစ္ (၁၂၃)ကြက္တြင္ ေဒသခံအိမ္ရာမဲ့မ်ား၊ သစ္ေတာေျမ က်ဴးေက်ာ္ထားသူမ်ားအပါအဝင္ (၆၃)ဦးကို ကနဦးေနရာခ်ထားေပး
နိုဝင်ဘာ 12, 2018
By 🌸
ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္အတြင္း သစ္ေတာဧရိယာမွ စြန္႔လႊတ္ေျမတြင္ ေျမယာေဖၚထုတ္ထားသည့္ အိမ္ေျမကြက္ (၁၂၃)ကြက္အနက္ ေဒသခံအိမ္ရာမဲ့မ်ား၊ သစ္ေတာဧရိယာတြင္ က်ဴးေက်ာ္ေနသူမ်ား၊ အစားထိုးေျမယာ ျပန္လည္ေပးအပ္ရမည့္သူ စုစုေပါင္း(၆၃)ဦးကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔က ေျမေပးမိန္႔မ်ားထုတ္ေပးလုိက္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ မယ္စဲ့ၿမိဳ႕နယ္က သစ္ေတာဧရိယာကေန စြန္႔လႊတ္ခဲ့တဲ့ ၿမိဳ႕ေျမဧရိယာသတ္မွတ္ေပးတာ (၂၁၀)ဧက ရွိတယ္ေလ။ လက္ရွိ အဲဒီဧက (၂၁၀) ထဲမွာ  အခ်ိဳ႕လူေတြက ဥပေဒအရေျပာရမယ္ဆို က်ဴးၿပီးခုတ္ထားၾကတာေပါ့ဗ်ာ။ ေနရာဦးထားတာတို႔၊ က်ဴးၿပီးခုတ္ထားတာတို႔ရွိတယ္။ အဲဒီအေပၚမွာ ကၽြန္ေတာ္တို႔က ေျမကြက္ျပန္ေဖာ္တာေပါ့။ တိုးခ်ဲ႕ေဖာ္တာမဟုတ္ဘဲ လက္ရွိၿမိဳ႕ဧရိယာထဲက ရွိတာကိုပဲ ေဖာ္လိုက္တာ။ ဘယ္သူေတြကို ျပန္ေပးလဲဆိုရင္ က်ဴးခုတ္တဲ့သူေတြကို တစ္ကြက္တစ္ကြက္ ျပန္ေပးတာရွိတယ္။ တခ်ိဳ႕က ငါးကြက္စာေလာက္ ခုတ္ထားတာရွိတာ။ အဲဒါက်ေတာ့ ႏွစ္ကြက္ေလာက္ ျပန္ေပးတာမ်ိဳးေပါ့။ ေနာက္အိုးမဲ့အိမ္မဲ့ေတြေပါ့။ ၿမိဳ႕ေပၚရပ္ကြက္မွာ ေဒသခံေတြထဲက ျဖစ္တယ္။ အိုးမဲ့အိမ္မဲ့ျဖစ္တယ္ဆိုတဲ့သူေတြကို ေပးတယ္”ဟု မယ္စဲ့ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္စဲ့ၿမိဳ႕ရွိ ၿမိဳ႕ေျမအတြင္း အသစ္ေဖာ္ထုတ္သည့္ ေျမကြက္မ်ားတြင္ မူလခုတ္ထြင္ရွင္းလင္းခဲ့သူ(၃၆)ဦး၊ အစားထိုးေျမျပန္လည္ေပးအပ္သူ(၂)ဦး၊ အိမ္ရာမဲ့ေဒသခံ (၂၅)ဦး စုစုေပါင္း (၆၃)ဦးတုိ႔အား ေနအိမ္မ်ား ေဆာက္၍ေနထိုင္ႏိုင္ရန္ ေျမေပးမိန္႔မ်ားေပးအပ္သည့္အခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ေျမယာေဖၚထုတ္ထားသည့္ေနရာတြင္ ေပ(၆၀)ပတ္လည္ ေျမကြက္ေပါင္း (၁၂၃)ကြက္ ေဖၚထုတ္ထားျခင္းျဖစ္ၿပီး ေျမကြက္မ်ား ဆက္လက္ခ်ထားေပးရန္ ျပည္နယ္အစိုးရထံ တင္ျပထားေၾကာင္း သိရသည္။

“ဆက္ေပးဖို႔လည္း ျပည္နယ္အစိုးရကို တင္ျပထားၿပီးျဖစ္တယ္။ အတည္ျပဳ မခ်ေပးေသးတာေပါ့။ မေန႔က ေပးတာေတာ့ အတည္ျပဳအမိန္႔က်လာတဲ့အကြက္ေတြကိုပဲ အရင္ေပးထားတာေပါ့။ ျပည္နယ္အစိုးရဆီကို တင္ထားတာ အကုန္က်လာရင္ ထပ္ေပးမယ္ေပါ့။ ကၽြန္ေတာ္တို႔ က်န္တဲ့အကြက္ေတြကို ဒီမွာအေနၾကာ ဝန္ထမ္းေတြ၊ ၿမိဳ႕မိၿမိဳ႕ဖထဲကသူေတြ၊ အရင္က ရဲဝန္ထမ္းေဟာင္းေတြ ေျပာမယ္ဆို ႏိုင္ငံ အက်ိဳးေတာ္ေဆာင္ေတြ၊ ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ေတြလို႔ သတ္မွတ္လို႔ရတဲ့သူေပါ့။ တစ္ခ်ိန္တုန္းက ဒီၿမိဳ႕အတြက္ အက်ိဳးေတာ္ေဆာင္ေတြရွိတယ္။ သူတို႔က ေပးကို ေပးထိုက္တဲ့သူေတြ ေပးလို႔ရေအာင္ ကၽြန္ေတာ္တို႔ တင္ထားၿပီးသား။ မက်ေသးလို႕ က်ရင္ေပးမွာပါ။ လက္ရွိက အတည္ျပဳေပးတဲ့ဟာကိုပဲ အရင္ေပးထားတာ”ဟု မယ္စဲ့ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က ေျပာသည္။

မယ္စဲ့ၿမိဳ႕ ၿမိဳ႕နယ္ခန္းမတြင္က်င္းပသည့္ ေဒသခံမ်ားအား ေျမေပးမိန္႔ေပးအပ္သည့္အခမ္းအနားသုိ႔ ကယားျပည္နယ္အစုိးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈ၊ ျပည္နယ္အစုိးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္ အစုိးရအဖြဲ႕ရုံး ညႊန္ၾကားေရးမွဴး၊ ျပည္နယ္အဆင့္ ဌာန ုိင္ရာတာဝန္ရွိသူမ်ား၊ ခရုိင္/ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး မ်ား၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိ ၿမိဳ႕ဖမ်ား၊ ေျမေပးမိန္႔လက္ခံရယူမည့္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ျပည္နယ္အစိုးရအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်စဲ့မြို့နယ်အတွင်း မြေယာကွက်သစ် (၁၂၃)ကွက်တွင် ဒေသခံအိမ်ရာမဲ့များ၊ သစ်တောမြေ ကျူးကျော်ထားသူများအပါအဝင် (၆၃)ဦးကို ကနဦးနေရာချထားပေး
***************
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း သစ်တောဧရိယာမှ စွန့်လွှတ်မြေတွင် မြေယာဖေါ်ထုတ်ထားသည့် အိမ်မြေကွက် (၁၂၃)ကွက်အနက် ဒေသခံအိမ်ရာမဲ့များ၊ သစ်တောဧရိယာတွင် ကျူးကျော်နေသူများ၊ အစားထိုးမြေယာ ပြန်လည်ပေးအပ်ရမည့်သူ စုစုပေါင်း(၆၃)ဦးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့က မြေပေးမိန့်များထုတ်ပေးလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ မယ်စဲ့မြို့နယ်က သစ်တောဧရိယာကနေ စွန့်လွှတ်ခဲ့တဲ့ မြို့မြေဧရိယာသတ်မှတ်ပေးတာ (၂၁၀)ဧက ရှိတယ်လေ။ လက်ရှိ အဲဒီဧက (၂၁၀) ထဲမှာ  အချို့လူတွေက ဥပဒေအရပြောရမယ်ဆို ကျူးပြီးခုတ်ထားကြတာပေါ့ဗျာ။ နေရာဦးထားတာတို့၊ ကျူးပြီးခုတ်ထားတာတို့ရှိတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က မြေကွက်ပြန်ဖော်တာပေါ့။ တိုးချဲ့ဖော်တာမဟုတ်ဘဲ လက်ရှိမြို့ဧရိယာထဲက ရှိတာကိုပဲ ဖော်လိုက်တာ။ ဘယ်သူတွေကို ပြန်ပေးလဲဆိုရင် ကျူးခုတ်တဲ့သူတွေကို တစ်ကွက်တစ်ကွက် ပြန်ပေးတာရှိတယ်။ တချို့က ငါးကွက်စာလောက် ခုတ်ထားတာရှိတာ။ အဲဒါကျတော့ နှစ်ကွက်လောက် ပြန်ပေးတာမျိုးပေါ့။ နောက်အိုးမဲ့အိမ်မဲ့တွေပေါ့။ မြို့ပေါ်ရပ်ကွက်မှာ ဒေသခံတွေထဲက ဖြစ်တယ်။ အိုးမဲ့အိမ်မဲ့ဖြစ်တယ်ဆိုတဲ့သူတွေကို ပေးတယ်”ဟု မယ်စဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်စဲ့မြို့ရှိ မြို့မြေအတွင်း အသစ်ဖော်ထုတ်သည့် မြေကွက်များတွင် မူလခုတ်ထွင်ရှင်းလင်းခဲ့သူ(၃၆)ဦး၊ အစားထိုးမြေပြန်လည်ပေးအပ်သူ(၂)ဦး၊ အိမ်ရာမဲ့ဒေသခံ (၂၅)ဦး စုစုပေါင်း (၆၃)ဦးတို့အား နေအိမ်များ ဆောက်၍နေထိုင်နိုင်ရန် မြေပေးမိန့်များပေးအပ်သည့်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေယာဖေါ်ထုတ်ထားသည့်နေရာတွင် ပေ(၆၀)ပတ်လည် မြေကွက်ပေါင်း (၁၂၃)ကွက် ဖေါ်ထုတ်ထားခြင်းဖြစ်ပြီး မြေကွက်များ ဆက်လက်ချထားပေးရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

“ဆက်ပေးဖို့လည်း ပြည်နယ်အစိုးရကို တင်ပြထားပြီးဖြစ်တယ်။ အတည်ပြု မချပေးသေးတာပေါ့။ မနေ့က ပေးတာတော့ အတည်ပြုအမိန့်ကျလာတဲ့အကွက်တွေကိုပဲ အရင်ပေးထားတာပေါ့။ ပြည်နယ်အစိုးရဆီကို တင်ထားတာ အကုန်ကျလာရင် ထပ်ပေးမယ်ပေါ့။ ကျွန်တော်တို့ ကျန်တဲ့အကွက်တွေကို ဒီမှာအနေကြာ ဝန်ထမ်းတွေ၊ မြို့မိမြို့ဖထဲကသူတွေ၊ အရင်က ရဲဝန်ထမ်းဟောင်းတွေ ပြောမယ်ဆို နိုင်ငံ အကျိုးတော်ဆောင်တွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေလို့ သတ်မှတ်လို့ရတဲ့သူပေါ့။ တစ်ချိန်တုန်းက ဒီမြို့အတွက် အကျိုးတော်ဆောင်တွေရှိတယ်။ သူတို့က ပေးကို ပေးထိုက်တဲ့သူတွေ ပေးလို့ရအောင် ကျွန်တော်တို့ တင်ထားပြီးသား။ မကျသေးလို့ ကျရင်ပေးမှာပါ။ လက်ရှိက အတည်ပြုပေးတဲ့ဟာကိုပဲ အရင်ပေးထားတာ”ဟု မယ်စဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပြောသည်။

မယ်စဲ့မြို့ မြို့နယ်ခန်းမတွင်ကျင်းပသည့် ဒေသခံများအား မြေပေးမိန့်ပေးအပ်သည့်အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့် ဌာန ိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ မြေပေးမိန့်လက်ခံရယူမည့်သူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~