အာဏာသိမ်းစစ်တပ်က အိမ်စီးကားများနှင့် သွားလာနေ၍ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရေး ကားမောင်းသည့်အခါ မှန်ချပြီး မောင်းရန် KNDF မေတ္တာရပ်ခံ

အာဏာသိမ်းစစ်တပ်က အိမ်စီးကားများနှင့် သွားလာနေ၍ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရေး ကားမောင်းသည့်အခါ မှန်ချပြီး မောင်းရန် KNDF မေတ္တာရပ်ခံ
အောက်တိုဘာ 6, 2021 | ကယား

အာဏာသိမ်းစစ်တပ်က ပြည်သူဟန်ဆောင်ပြီး အိမ်စီးကားများဖြင့် သွားလာကာ အင်အားဖြည့်တင်း ရိက္ခာပို့ခြင်းများ ပြုလုပ်နေ၍ ပြည်သူများ အနေဖြင့် ဘေးကင်းရေး နှင့် ထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် ကားမှန်များ အလုံပိတ်ပြီး မသွားရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့တွင် အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်လာသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များသို့ အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြည့်တင်းရန်နှင့် ရှေ့တန်းတပ်များသို့ ထောက်ပံ့ပို့များအတွက် ပြည်သူအဖြစ်ဟန်ဆောင်ပြီး အိမ်စီးကားများဖြင့် လွိုင်ကော်- ဒီးမော့ဆို - ဖရှုဆို - ဖားဆောင်  လမ်းမကြီးအတိုင်း သွားလာလှုပ်ရှားမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အဆိုပါ ဒေသများတွင် လှုပ်ရှားနေသည့် ပြည်သူ့တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးအရ အထင်လွဲမှုများမဖြစ်စေရန်  ပြည်သူများအနေဖြင့် လွိုင်ကော်- ဒီးမော့ဆို - ဖရှုဆို - ဖားဆောင်  လမ်းမကြီးအတိုင်း ကားများဖြင့် ခရီးတို ခရီးရှည်သွားလာမှုများ ပြုလုပ်ပါက ယာဉ်အား အလုံပိတ်၍ မသွားစေပဲ မှန်များကိုချထားဖြင့် သွားလာကြရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။