ကယားျပည္နယ္အစိုးရက ျပည္နယ္တြင္း ထူးခၽြန္အားကစားသမား (၂၆၈)ဦးကို ဂုဏ္ျပဳဆုခ်ီးျမႇင့္

ကယားျပည္နယ္အစိုးရက ျပည္နယ္တြင္း ထူးခၽြန္အားကစားသမား (၂၆၈)ဦးကို ဂုဏ္ျပဳဆုခ်ီးျမႇင့္
နိုဝင်ဘာ 17, 2018
By 🌸
ကယားျပည္နယ္အစိုးရအဖြဲ႕က ျပည္နယ္ဂုဏ္ေဆာင္အားကစားသမား (၂၆၈)ဦးကို ဂုဏ္ျပဳလက္မွတ္ႏွင့္ ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းကို၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ က်င္းပေၾကာင္း သိရသည္။

 ျပည္နယ္ဂုဏ္ေဆာင္ကစားသမားမ်ားျဖစ္ၾကသည့္ အသက္(၂၂)ႏွစ္ေအာက္ ေဘာလံုးအသင္း၊ အသက္ (၁၇)ႏွစ္ေအာက္ ေဘာလံုးအသင္း၊ တိုက္ကြမ္ဒို၊ ကရာေတးဒို၊ ခရစ္ကတ္၊ ဂ်ဴဒို၊ ေဘာလီေဘာ၊ ေျပးခုန္ပစ္၊ လက္ေဝွ႔ အားကစားမ်ားတြင္ ထူးခၽြန္အားကစားသမားမ်ားအား ဆုခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအဆင့့္ၿပိဳင္ပြဲမ်ားတြင္ ဆုရရွိခဲ့ေသာ ေရႊတံဆိပ္ဆုရွင္အား ေငြက်ပ္(၁၀၀၀၀၀)၊ ေငြတံဆိပ္ဆုရွင္အား ေငြက်ပ္(၇၀၀၀၀) ၊ ေၾကးတံဆိပ္ဆုရွင္အား ေငြက်ပ္(၅၀၀၀၀)၊ အသင္းအုပ္ခ်ဳပ္သူႏွင့္ နည္းျပတစ္ဦးစီအတြက္ ေငြက်ပ္(၃၀၀၀၀)၊ ဖိတ္ေခၚၿပိဳင္ပြဲမ်ားမွ ေရႊတံဆိပ္ဆုရွင္အား ေငြက်ပ္(၃၀၀၀၀)၊ ေငြတံဆိပ္ဆုရွင္အား ေငြက်ပ္(၂၀၀၀၀)၊ ေၾကးတံဆိပ္ဆုရွင္အား ေငြက်ပ္(၁၀၀၀၀)၊ အသင္းအုပ္ခ်ဳပ္သူႏွင့္ နည္းျပတစ္ဦးစီအား ေငြက်ပ္(၂၀၀၀၀)ႏႈန္းျဖင့္ ျပည္နယ္အစိုးရအဖြဲ႔က စုစုေပါင္း ဂုဏ္ျပဳဆုေငြ က်ပ္ (၁၉၀၆၀၀၀၀)ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂုဏ္ျပဳပြဲအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ သက္ဆုိင္ရာဌာန တာဝန္ရိွသူမ်ား၊ အားကစားက႑ တာဝန္ရွိသူမ်ား၊ အားကစားၿပိဳင္ပြဲအလိုက္ အုပ္ခ်ဳပ္သူႏွင့္ နည္းျပမ်ား၊ ထူးခၽြန္ အားကစားသမားမ်ား၊ အားကစားႏွင့္ ကာယပညာသိပၸံ (လြိဳင္ေကာ္)တို႕မွ အားကစားသမားမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -ျပည္နယ္အစိုးရ

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်အစိုးရက ပြည်နယ်တွင်း ထူးချွန်အားကစားသမား (၂၆၈)ဦးကို ဂုဏ်ပြုဆုချီးမြှင့်
*************
ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဂုဏ်ဆောင်အားကစားသမား (၂၆၈)ဦးကို ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

 ပြည်နယ်ဂုဏ်ဆောင်ကစားသမားများဖြစ်ကြသည့် အသက်(၂၂)နှစ်အောက် ဘောလုံးအသင်း၊ အသက် (၁၇)နှစ်အောက် ဘောလုံးအသင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ခရစ်ကတ်၊ ဂျူဒို၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့ အားကစားများတွင် ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ရွှေတံဆိပ်ဆုရှင်အား ငွေကျပ်(၁၀၀၀၀၀)၊ ငွေတံဆိပ်ဆုရှင်အား ငွေကျပ်(၇၀၀၀၀) ၊ ကြေးတံဆိပ်ဆုရှင်အား ငွေကျပ်(၅၀၀၀၀)၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြတစ်ဦးစီအတွက် ငွေကျပ်(၃၀၀၀၀)၊ ဖိတ်ခေါ်ပြိုင်ပွဲများမှ ရွှေတံဆိပ်ဆုရှင်အား ငွေကျပ်(၃၀၀၀၀)၊ ငွေတံဆိပ်ဆုရှင်အား ငွေကျပ်(၂၀၀၀၀)၊ ကြေးတံဆိပ်ဆုရှင်အား ငွေကျပ်(၁၀၀၀၀)၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြတစ်ဦးစီအား ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ် (၁၉၀၆၀၀၀၀)ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ အားကစားကဏ္ဍ တာဝန်ရှိသူများ၊ အားကစားပြိုင်ပွဲအလိုက် အုပ်ချုပ်သူနှင့် နည်းပြများ၊ ထူးချွန် အားကစားသမားများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)တို့မှ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ -ပြည်နယ်အစိုးရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~