မႏၱေလးမွ မူဆယ္သို႔ တရားမဝင္သယ္လာသည့္ သစ္ႏွင့္ ေက်ာက္စိမ္းမ်ားကို ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ

မႏၱေလးမွ မူဆယ္သို႔ တရားမဝင္သယ္လာသည့္ သစ္ႏွင့္ ေက်ာက္စိမ္းမ်ားကို ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 8, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္ေဆာင္လာသည့္ သစ္ႏွင့္ ေက်ာက္စိမ္းမ်ားကို  ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၈)ရက္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ ထြက္ခြာလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးရာ တရားမဝင္သစ္တင္ေဆာင္လာသည့္ light Truck တစ္စီးကို နံနက္(၁၁)နာရီ (၁၅)မိနစ္တြင္ လည္းေကာင္း၊ ေက်ာက္စိမ္းျဖတ္စမ်ား သယ္ေဆာင္လာသည့္ Wingroad တစ္စီးကို ေန႔လယ္ (၁)နာရီ (၅၅)မိနစ္တြင္လည္းေကာင္း၊ ေက်ာက္စိမ္းျဖတ္စမ်ား သယ္လာသည့္ Toyota Wish (၁)စီးကို ေန႔လယ္ (၂)နာရီ (၂၅)မိနစ္တြင္လည္းေကာင္း ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ပစၥည္းမ်ား၏ အေရအတြက္ကို စိစစ္ဆဲျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးမှ မူဆယ်သို့ တရားမဝင်သယ်လာသည့် သစ်နှင့် ကျောက်စိမ်းများကို ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိ
***********
မြန်မာ - တရုတ်နယ်စပ်မူဆယ်မြို့သို့ တရားမဝင်သယ်ဆောင်လာသည့် သစ်နှင့် ကျောက်စိမ်းများကို  ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

မန္တလေးမြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်များကို စစ်ဆေးရာ တရားမဝင်သစ်တင်ဆောင်လာသည့် light Truck တစ်စီးကို နံနက်(၁၁)နာရီ (၁၅)မိနစ်တွင် လည်းကောင်း၊ ကျောက်စိမ်းဖြတ်စများ သယ်ဆောင်လာသည့် Wingroad တစ်စီးကို နေ့လယ် (၁)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ကျောက်စိမ်းဖြတ်စများ သယ်လာသည့် Toyota Wish (၁)စီးကို နေ့လယ် (၂)နာရီ (၂၅)မိနစ်တွင်လည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပစ္စည်းများ၏ အရေအတွက်ကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~