PSLF/TNLA က ဦးထုပ် နှင့်  Badge တံဆိပ်များ ပြောင်းလဲတပ်ဆင် အသုံးပြု 

Photo: PSLF/TNLA
Photo: PSLF/TNLA
PSLF/TNLA က ဦးထုပ် နှင့်  Badge တံဆိပ်များ ပြောင်းလဲတပ်ဆင် အသုံးပြု 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က လက်ရှိ အသုံးပြုနေသည့် ဦးထုပ်ပုံစံ နှင့် အမှတ်အသားတံဆိပ်များကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စပြီး ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင်  PSLF/TNLA၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လာသည်။

ပြောင်းလဲလိုက်သည့် ဦးထုပ်ပုံစံမှာ လျှာနှစ်ထပ် ဦးထုပ်အစား လျှာတစ်ထပ်ဦးထုပ်အဖြစ်လည်းကောင်း၊  ဦးထုပ်တံဆိပ်တွင် လက်ဖက်ညွန့် နှစ်ခက် နှင့် ဓားနှစ်လက် အစား၊ လက်ဖက်ညွန့်နှစ်ခက် နှင့် တောင်သုံးလုံး အဖြစ် လည်းကောင်းပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

Badge တံဆိပ်များတွင်လည်း ညာဖက် badge တံဆိပ် ဓားနှစ်လက်ကြက်ခြေခတ် အစား၊ ကြယ်တစ်ပွင့်အပါ လှံတစ်ချောင်း နှင့် ဓားတစ်လက်ကြက်ခြေခတ် အဖြစ် လည်းကောင်း၊ ဘယ်ဖက် Badge တံဆိပ် လက်ဖက်ညွန့်နှစ်ခက်နှင့် တောင်သုံးလုံးအစား၊ နဂါးတစ်ကောင်အပါ တောင်သုံးလုံးအဖြစ်လည်းကောင်း ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲဝတ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။