ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များတွင် အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သည့်ကိစ္စ ဥပဒေကြောင်းအရ အရေးယူမည်ဟုဆို

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များတွင် အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သည့်ကိစ္စ ဥပဒေကြောင်းအရ အရေးယူမည်ဟုဆို
ဇူလိုင် 10, 2020
By Tachileik News Agency

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များတွင် အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သည့်ကိစ္စ ဥပဒေကြောင်းအရ အရေးယူမည်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က အရပ်သားသေဆုံးရမှု၊ ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ နံနက်ပိုင်းက  ဒေသခံများအပါအဝင် လူဦးရေ အမြောက်အများ ဆန္ဒထုတ်ဖေါ်ကြရာမှာ ခွင့်ပြုချက်မပေးထားသလို  Covid-19 ကာလတွင်းမှာ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့အတွက် ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့  ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးဖြစ်သူ ရဲမှုးကြီး ဗညားဦးက မီဒီယာများကနေ တဆင့် ပြောကြားလိုက်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ ၂၀၂၀ခုနှစ် ဇွန်လ (၂၈) ရက်နေ့နဲ့ (၂၉)ရက်နေ့တွေက RCSS နဲ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတဲ့ ကာလအတွင်း အရပ်သားသေဆုံးမှုနဲ့ပတ်သက်ပြီး အခုလို ဆန္ဒထုတ်ဖေါ်သူတွေက  ခိုမုန်းကျေးရွာရှိ စက်သုံးဆီဆိုင်များအနီးလူစုကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းလျှောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြတာဖြစ်ပါတယ်။

COVID 19 ထိန်းချုပ်ရေးဆောင်ရွက်နေရတဲ့ကာလဖြစ်လို့ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ကာလဖြစ်တဲ့အပြင် ဆန္ဒထုတ်ဖေါ်ခွင့်လည်းမပြုထားတာကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့တာဖြစ်ပေမဲ့လည်း ဆန္ဒဖော်ထုတ်သူတွေဟာ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~